စင်ကာပူ၌ ခြင်တွေ့သည့် အိမ်ကို ဒေါ်လာ ၂၀၀ ဒဏ်ရိုက်မည်

စင်ကာပူ၌ ခြင်တွေ့သည့် အိမ်ကို ဒေါ်လာ ၂၀၀ ဒဏ်ရိုက်မည်

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၈ ။         ။ စင်ကာပူနိုင်ငံတွင် ခြင်ပေါက်ဖွားတွေ့ရှိသည့် အိမ်များအား တုတ်ကွေးရောဂါဖြစ်နေမနေ ဂရုထားခြင်းမရှိဘဲ စင်ကာပူဒေါ်လာ ၂၀၀ ဒဏ်ရိုက်မည့် မူဝါဒကို စတင်ကျင့်သုံးတော့မည်ဖြစ်သည်။

လက်ရှိတွင် ဥပဒေအရအရေးယူမှုကို တုတ်ကွေးရောဂါဖြစ်ပွားကူးစက်စေသည့် အိမ်များကိုသာ အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုနှစ်အတွင်း တုတ်ကွေးဖြစ်ပွားသူ ၃၀၀၀၀ စံချိန်တင် ရှိလာ၍ အမျိုးသားပတ်ဝန်းကျင်အေဂျင်စီ NEA က ယခုကဲ့သို့ အရေးယူမှုကို တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ယခုလုပ်ဆောင်မှုကို သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဝန်ကြီး Masagos Zulkifli က ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly