ခရစ္စတီယာနို ရော်နယ်လ်ဒို - မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟာ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အဲရစ်တန်ဟက်ဂ် ပြော

ခရစ္စတီယာနို ရော်နယ်လ်ဒို - မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟာ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အဲရစ်တန်ဟက်ဂ် ပြော
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညက တော့တင်ဟမ်နဲ့ပွဲမှာ လူစားလဲဖို့ ငြင်းဆိုခဲ့တယ်လို့ အတည်ပြုပြီးနောက်မှာ “အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်”လို့ မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်က ပြောကြားလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ယူနိုက်တက်တို့ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၈၉ မိနစ်မှာ အရန်ခုံကနေ ထကာ ဥမင်ထဲ လမ်းလျှောက်သွားပြီး ပွဲမပြီးခင် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ပါတယ်။

သူဟာ စနေနေ့မှာ ချယ်လ်ဆီးနဲ့ ကစားမယ့် ပွဲစဉ်အတွက် ချန်လှပ်ခံခဲ့ရပြီး တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေပါတယ်။

ရော်နယ်လ်ဒို လာဖို့ ငြင်းခဲ့လားလို့ တိုက်ရိုက်မေးမြန်းရာမှာ တန်ဟက်ဂ်က “ဟုတ်ပါတယ်။” ပြောပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဗယ်လက်ကာနိုနဲ့ ရာသီကြိုခြေစမ်းပွဲ ဒုတိယပိုင်းမှာ အလားတူလုပ်ဆောင်ပြီးနောက် သူလုပ်ဆောင်ရမယ်လို့ ခံစားခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။

"ဆွေးနွေးချက်က ခရစ္စတီယာနိုနဲ့ ကျနော်ကြားထဲမှာပါပဲ။ ကြေညာချက်က ရှင်းပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေတယ်ဆိုတာ ကြေညာချက်ထဲမှာလည်းပါတယ်" လို့ တန်ဟက်ဂ်က ပြောပါတယ်။

"ကျနော်က မန်နေဂျာပါ၊ ဒီမှာ အဖွဲ့အစည်းတွက် တာဝန်ရှိတယ်။ စံနှုန်းတွေနဲ့ တန်ဖိုးတွေကို သတ်မှတ်ပြီး သူတို့ကို ထိန်းရမယ်။ ကျနော်တို့က အဖွဲ့ထဲမှာရှိတယ်။

"ဗယ်လက်ကာနိုနဲ့ပွဲပြီးနောက် ကျနော်လက်ခံနိုင်စရာ မရှိဘူးလို့ပြောခဲ့တယ်၊ ဒါပေမယ့် သူတင်မကဘူး။ ဒုတိယအခေါက်က နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာတယ်။ အဲဒါက ဖြစ်သွားပြီလေ။

"မနက်ဖြန်ကျရင် သူ့ကို လက်လွတ်ရမယ်၊ ဒါက ကျနော်တို့နဲ့အသင်းလူစာရင်းအတွက် လွဲချော်မှုတစ်ခုပါ၊ ဒါပေမယ့် ဒါဟာ အုပ်စုတစ်စုရဲ့ သဘောထားနဲ့ စိတ်ဓာတ်အတွက် အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်၊ အခုချိန်မှာတော့ ချယ်လ်ဆီးကို အာရုံစိုက်ရမှာပါ၊ ဒါက အရေးကြီးဆုံးပါပဲ။"

ယူနိုက်တက်ဟာ စနေနေ့ ကစားမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ အဆင့် ၅ နေရာက ချယ်လ်ဆီးနဲ့ တစ်မှတ်သာ ကွဲဟပြီး သူ့ရဲ့ ကစားသမားတွေဟာ ဒီအပတ်ရဲ့ ဒရာမာကြောင့် ရှုပ်ထွေမှုမရှိဘူးလို့ တန်ဟက်ဂ်က ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required