ဒဏ်ရာရကစားသမားအချို့ ရှိနေသည့်အတွက် အသင်းစုစည်းရာတွင် ခက်ခဲသည်ဟု ဆီဗာဂျီဆို

ဒဏ်ရာရကစားသမားအချို့ ရှိနေသည့်အတွက် အသင်းစုစည်းရာတွင် ခက်ခဲသည်ဟု ဆီဗာဂျီဆို
ဟံသာဝတီယူနိုက်တက်အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ။ (ဓာတ်ပုံ- ဟံသာဝတီယူနိုက်တက်)

ဖေဖော်ဝါရီ ၂၈၊ ရန်ကုန်။           ။ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာတွင်ရပ်တည်နေသော ဟံသာဝတီယူနိုက်တက်အသင်း နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီက အသင်းတွင်ဒဏ်ရာရ ကစားသမားအချို့ရှိနေသည့်အတွက် စုစည်းရာတွင်ခက် ခဲသည်ဟု ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ ယခုနှစ်မြန်မာနေရှင်နယ်လိဂ်တွင်ခြေစွမ်းပြနေပြီး အမှတ်ပေးဇယားထိပ်မှ ရတနာပုံကို ဖိအားပေးနေသလို ထိပ်သီးအသင်းများဖြစ်သည့် ရန်ကုန်၊ ရှမ်းယူနိုက်တက်၊ ဧရာဝတီ၊ ဇေယျာရွှေမြေ တို့ကိုရှုံးပွဲမရှိကစားထားနိုင်သည်။

“အသင်းမှာ ဒဏ်ရာကစားသမားအချို့ရှိနေလို့စုစည်းရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကစားသမားတွေအားလုံး ညီညီညွတ်ညွတ် ကစားနိုင်တာကကျွန်တော်တို့အားသာချက် ပါ။ လက်ကျန်ပွဲတွေမှာ ကျွန်တော်တို့ဒီပုံစံအတိုင်းဆက်ကစားနိုင်ရင်တော့ ရာသီကုန်မှာ အဆင့် ၄အတွင်းဝင် နိုင်ပါတယ်။ အသင်းရဲ့အဓိက ရည်မှန်းချက်ကတော့ တန်းမဆင်းရဖို့ပါ။”ဟု ဆီဗာဂျီကဆိုသည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၈)အပြီးအထိ ရှုံးပွဲမရှိသေးပဲ ၅ပွဲနိုင်၊ ၃ပွဲသရေ၊ ရမှတ် ၁၈မှတ် ရရှိထားသည်။ ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် လာမည့် ဒု-အကျော့ပွဲစဉ်များကို အိမ်ကွင်းအဖြစ် တောင်ငူမြို့တွင်လက်ခံကျင်းပရန်လည်းစီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly