Huawei Technologies နှင့်ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းအသစ်များကို ခွင့်ပြုပေးခြင်းအား အမေရိကန်ပိတ်ပင်မည်

Huawei Technologies နှင့်ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းအသစ်များကို ခွင့်ပြုပေးခြင်းအား အမေရိကန်ပိတ်ပင်မည်

အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် တရုတ် Huawei Technologies နှင့်ZTE တို့မှဆက်သွယ်ရေးကိရိယာအသစ်များကို ခွင့်ပြုချက်အား ပိတ်ပင်မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်မှထုတ်ပြန်သည့်စာတွင်ဖော်ပြထားသည်။

FCC ဥက္ကဋ္ဌဂျက်စီကာရိုဆန်ဝါဆယ်က ပြီးခဲ့သည့်သီတင်းပတ်က အဆိုပြုထားသည့် တားမြစ်ချက်ကို နောက်ဆုံးအတည်ပြုရေးအတွက်အခြားအရာရှိ ၃ဦးထံ ဖြန့်ဝေခဲ့သည်။

အဆိုပါကုမ္ပဏီများသည် စက်ပစ္စည်းဆိုင်ရာခွင့်ပြုမိန့်မရှိဘဲ အမေရိကန်တွင်စက်ပစ္စည်းအသစ်များကို ရောင်းချနိုင် မည် မဟုတ်ပေ။

၂၀၂၁ခုနှစ်ဇွန်လတွင် FCC သည်Huawei နှင့်ZTE အပါအဝင် တရုတ်ကုမ္ပဏီများထံမှ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဟု ယူဆရသည့် စက်ပစ္စည်းကိရိယာများအတွက် အမေရိကန်ဆက်သွယ်ရေး ကွန်ရက်များတွင်ခွင့်ပြုချက်ပိတ်ပင်မည့်အစီအစဉ်ကိုဆက်လက်လုပ်ဆောင်ရေး အတွက်မဲပေးဆုံးဖြတ်ခဲ့ကြသည်။

အမေရိကန်ဆက်သွယ်ရေးကွန်ရက်များကိုကာကွယ်ရန်ရည်ရွယ်သည့်၂၀၁၉ခုနှစ်ဥပဒေအရအမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် "အမည်ပေါက်စာရင်း" တွင်တရုတ်ကုမ္ပဏီ၅ခုဖြစ်သည့်Huawei Technologies၊ZTE၊Hytera Communications၊Hangzhou Hikvision Digital Technology နှင့်Zhejiang Dahua Technology ကုမ္ပဏီတို့ကို၂၀၂၁ခုနှစ်မတ်လတွင်ပိတ်ပင်ပြီးနောက်ယခုကိစ္စဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမည်ပေါက်စာရင်းတွင်ပါဝင်သောကုမ္ပဏီအားလုံးအတွက်စက်ကိရိယာခွင့်ပြုချက်အားလုံးကိုပိတ်ပင်ရန်FCC ကစဉ်းစားနေကြောင်း၂၀၂၁ခုနှစ်ဇွန်လတွင်ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်တွင်FCC သည်ရုရှား၏AO Kaspersky Lab၊China Telecom (Americas)၊China Mobile International USA၊Pacific Networks နှင့်China Unicom (Americas) တို့ကို နာမည်ပေါက်စာရင်းတွင် ထည့်သွင်းခဲ့သည်။

အစီအမံအသစ်သည်အမေရိကန်ဆက်သွယ်ရေးကွန်ရက်များမှစိတ်မချရသောစက်ပစ္စည်းများကိုဖယ်ရှားမည်ဖြစ်ကြောင်း၂၀၂၁ခုနှစ်တွင ်ရိုဆန်ဝါဆယ်က ပြောကြားခဲ့သည်။

FCC လုပ်ဆောင်ချက်သည်နိုင်ငံတော်လုံခြုံရေးအတွက်အန္တရာယ်ဖြစ်စေသည်ဟု ယူဆရသည့် ဆက်သွယ်ရေးပစ္စည်းများအတွက် အနာဂတ်ခွင့်ပြုမိန့်အားလုံးကိုတားမြစ်မည်ဖြစ်သည်။

၂၀၁၉ခုနှစ်တွင်အမေရိကန်သည်Huawei၊Hikvisionနှင့်အခြားသောကုမ္ပဏီများကိုစီးပွားရေးအမည်ပျက်စာရင်း တွင် ထည့်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly