တရုတ်က အမေရိကန်အတွက် ပထဝီဝင်နိုင်ငံရေးအရ စိန်ခေါ်မှုအများဆုံးဖြစ်နေ

တရုတ်က အမေရိကန်အတွက် ပထဝီဝင်နိုင်ငံရေးအရ စိန်ခေါ်မှုအများဆုံးဖြစ်နေ

အမေရိကန်အစိုးရကအမျိုးသားလုံခြုံရေးဆိုင်ရာအဓိကမူဝါဒစာတမ်းကိုထုတ်ပြန်ခဲ့ရာတွင် တရုတ်က အမေရိကန်ကို ပထဝီဝင်နိုင်ငံရေးအရ စိန်ခေါ်မှုအများဆုံးဖြစ်ကြောင်းအမျိုးသားလုံခြုံရေးအကြံပေး (NSA) ဂျတ်ခ်ဆူလီဗန်ကအောက်တိုဘာ၁၂ရက်တွင်ပြောကြားလိုက်သည်။

“နောက်တစ်ခုကတော့ပထဝီနိုင်ငံရေးကဏ္ဍမှာတရုတ်ကအမေရိကန်ကိုလက်ရှိပထဝီဝင်နိုင်ငံရေးအရခြိမ်းခြောက်မှုအများဆုံးပါပဲ။ အင်ဒို-ပစိဖိတ်ဒေသမှာအထင်ရှားဆုံးဖြစ်သလို တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့လည်း ကြီးမားပါတယ်”ဟုအမေရိကန်အစိုးရ၏အမျိုးသာလုံခြုံရေးမဟာဗျူဟာဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင်ဆူလီဗန်ကပြောကြားခဲ့သည်။

၂၀၂၂ခုနှစ်အတွင်း "အကန့်သတ်မဲ့မိတ်ဖက်ဆက်ဆံမှု" ဟုကြေညာခဲ့သော တရုတ်နှင့်ရုရှားနှစ်နိုင်ငံစလုံးသည် အချင်းချင်းပိုမိုနီးစပ်လာပြီးခြိမ်းခြောက်မှုများမှာထင်ရှားလာနေကြောင်းအမျိုးသားလုံခြုံရေးမဟာဗျူဟာတွင် ဖော်ပြထားသည်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာသည် ယှဉ်ပြိုင်မှုရှုထောင့်တစ်ခုတည်းမှ အမေရိကန်က ကြည့်ရှုခြင်း မဟုတ်သလို ကမ္ဘာကြီးကိုအုပ်စုကွဲသွားစေရန်လည်း မရည်ရွယ်ကြောင်းဆူလီဗန်ကဆိုခဲ့သည်။

မူဝါဒစာတမ်းတွင်တရုတ်နှင့်ပြိုင်ဆိုင်မှုသည်အင်ဒို-ပစိဖိတ်ဒေသတွင် အထင်ရှားဆုံးဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းတွင်လည်းတိုးလာနေကြောင်းဆိုသည်။

လာမည့်ဆယ်နှစ်အတွင်းတရုတ်နှင့်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမည်ဟုအမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူ ဟာတွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင်အမေရိကန်မဟာမိတ်များနှင့် မိတ်ဖက်အများအပြားသည် တရုတ်၏ အကျပ်ကိုင်မှုနှင့် ရင်ဆိုင်နေရပြီးယင်းတို့၏လုံခြုံရေးနှင့်သာယာဝပြောရေးကိုရှာဖွေရန်မှန်မှန်ကန်ကန်ဆုံးဖြတ်ထားကြောင်းမူဝါဒတွင်ဖော်ပြထားသည်။

"ကြီးမားသောအန္တရာယ်ရှိသည့်ရုရှားကိုထိန်းချုပ်ထားစဉ်တရုတ်နှင့်ယှဉ်ပြိုင်ရာတွင်အခွင့်သာမှုများကို

ဆက်လက်ထိန်းသိမ်းထားရန်ဦးစားပေးဆောင်ရွက်သွားမည်" ဟုစာတမ်းတွင်ထပ်လောင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required