တရုတ်ကုမ္ပဏီများအတွက် ရိုက်စားဗဟိုချက်ဖြစ်လာသည့် မြဝတီနယ်စပ်မြို့

တရုတ်ကုမ္ပဏီများအတွက် ရိုက်စားဗဟိုချက်ဖြစ်လာသည့် မြဝတီနယ်စပ်မြို့
Photo: EPA

ထိုင်းနယ်စပ် ကရင်ပြည်နယ်ရှိ မြဝတီမြို့သည် ရွှေကုက္ကိုစီးပွားရေးစီမံကိန်းကြောင့် တရုတ်က အလုံးစုံထိန်းချုပ်ထားသော မြို့အဖြစ်သို့ ပြောင်းလဲလာသည်။ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ချိတ်ဆက်မှုရှိသော တရုတ်ရာဇဝတ်ဂိုဏ်းများတည်ထောင်ထားသည့် အတုအယောင် IT ကုမ္ပဏီများသည် အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖရိကန်၊ ဂျပန် တို့ကဲ့သို့သော လူမျိုးပေါင်းစုံ ရွှေ့ပြောင်းအလုပ်သမားများအား IT ကဏ္ဍနှင့်ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းရှိကြောင်း အကြောင်းပြ၍ လူသစ်စုဆောင်းရေး အေးဂျင့်များမှတစ်ဆင့် ဆွဲဆောင်လျက်ရှိသည်။ အယောင်ဆောင် IT ကုမ္ပဏီများသည် ဒူဘိုင်း၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် တခြားနိုင်ငံများရှိ လူမှုမီဒီယာနှင့် စီးပွားရေးပလက်ဖောင်းများတွင် စာစီစာရိုက်နှင့် IT နှင့်ဆက်စပ်သော အလုပ်အကိုင်အသေးစိတ်များကို ကြေညာကြသည်။

တရုတ်ရာဇဝတ်ဂိုးဏ်းများနှင့်အပေါင်းအပါများပိုင်ဆိုင်သော အတုအယောင် IT ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသော လူသစ်စုဆောင်းရေးအေးဂျင့်များသည် အွန်လိုင်းစျေးကွက်ရှာဖွေရေးဟူသောအမည်ဖြင့် အခြေခံကွန်ပျူတာကျွမ်းကျင်သော နိုင်ငံသားမျိုးစုံကို အလုပ်ခန့်ကြသည်။ ဝန်ထမ်းများအား နေထိုင်စားသောက် စရိတ်ငြိမ်းဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ မှ ၂၀၀၀ အထိပေးသည်။ မြဝတီဒေသတွင် လုပ်ကိုင်နေသော ကုမ္ပဏီအချို့မှာ HOA-TAI.com @ TrionixMultitech Int. Co.,၊ OKX Plus၊ Super Energy Group၊ Zhentian Group၊ Huan Qiu Company Ltd၊ FOFX Tech Company Limited၊ Seven Star Club၊ Yong Sing International ကုမ္ပဏီနှင့်CI Group•Shangi စသည်တို့ဖြစ်သည်။ ကုမ္ပဏီအများစုမှာ အယောင်ပြသာဖြစ်ပြီး တရားဝင်အာဏာပိုင်အဖွဲ့အစည်းများထံ မှတ်ပုံတင်ထားခြင်းမရှိပေ။ ထို့ပြင် ကုမ္ပဏီပိုင်ရှင်များသည် ကန့်သတ်ချက်များနှင့် အထောက်အထားများကို ရှောင်ရှားရန် ကိုယ်ရေးအချက်အလက်ပိုင်ရှင်များကို မကြာခဏ ပြောင်းလဲကြသည်။

အဆိုပါ IT ကုမ္ပဏီများကို နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBS) တို့က အကာအကွယ်ပေးထားသည်ဟု ဆိုကြပြီး အစုရှယ်ယာရှင်အားလုံးအတွက် ကြီးမားသောဝင်ငွေအရင်းအမြစ်ဖြစ်လာသည်။

ကုမ္ပဏီများနှင့် လူသစ်စုဆောင်းရေးအေးဂျင့်များသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သော IT ကျွမ်းကျင် လူငယ်များကို ပစ်မှတ်ထားကြသည်။ ထိုင်းနိုင်ငံတွင်သာအလုပ်လုပ်ရမည်ဟုဆိုသောကြောင့် ဘန်ကောက်သည် လူသစ်စုဆောင်းရာ ပထမဆုံးနေရာဖြစ်လာသည်။ ဗီဇာနှင့်လက်မှတ်များကို လူသစ်စုဆောင်းသည့် အေးဂျင့်များက စီစဉ်ပေးကြပြီး တချို့မှာ ဆိုက်ရောက်ဗီဇာရကြသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့်တာဝန်ရှိသူများသည် အလုပ်သမား ခန့်အပ်ရေးအေးဂျင့်များ/ကုမ္ပဏီများနှင့် ချိတ်ဆက်မှုရှိသဖြင့် ပြည်တွင်းနေထိုင်မှုဆိုင်ရာခွင့်ပြုချက်များအတွက် လွယ်ကူမြန်ဆန်သည်။ ဘန်ကောက်လေဆိပ်သို့ရောက်သည့်အခါ ကုမ္ပဏီဝန်ထမ်းများက လူသစ်များကို လာကြိုကာ ဘန်ကောက်ရှိ သတ်မှတ်ထားသောနေရာများသို့ ပို့ပေးကြသည်။ နောက် ၁ ရက် သို့မဟုတ် ၂ ရက်ခန့်ကြာသည့်အခါ ဘန်ကောက်မှ ၆ နာရီကြာမောင်းရသည့် မြန်မာ-ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ အငှားကားဖြင့်ပို့ကာ နောက်ဆုံးတွင် လှေဖြင့် သောင်ရင်းမြစ်ကိုဖြတ်လျက် မြဝတီနယ်ထဲသို့ ခေါ်သွားသည်။ မြစ်ကိုဖြတ်သည့်အခါ BGF နှင့် DKBA တပ်ဖွဲ့ဝင်များက အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များကို စစ်ဆေးကြသည်။ ယေဘုယျအားဖြင့် BGF တပ်ဖွဲ့ဝင်များသည် အချက်အလက်အသေးစိတ်အားလုံးကို ကြိုတင်သိရှိပြီးသားဖြစ်သည်။

စစ်ဆေးမှုပြီးစီးသည့်အခါ အလုပ်သမားများကို မြဝတီရှိ IT ဇုန်ဟုခေါ်သော နောက်ဆုံးနေရာသို့ ကားဖြင့် ပို့ကြသည်။ ယေဘုယျအားဖြင့် ၁၅ ရက်သာပေးထားသည့် ထိုင်းဗီဇာသက်တမ်းမကုန်မီ အစောပိုင်းရက်များတွင် အလုပ်သမားအားလုံးကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ ဗီဇာသက်တမ်းကုန်သွားသည့်အခါ အလုပ်ချိန်များ တိုးမြှင့်ခြင်းနှင့် ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းများအားဖြင့် ဖိအားပေးခိုင်းကြသည်။ ဖိအားပေးခိုင်းမှုကို ငြင်းဆန်ပါက ထိုသူအား တရားမဝင် ဝင်ရောက်မှုဖြင့် မြဝတီရဲစခန်းသို့ လွှဲပြောင်းတတ်ပေးသော်လည်း ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

အလုပ်သမားများသည် ခရစ်ပတိုပလက်ဖောင်းနှင့် အွန်လိုင်းလောင်းကစားများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပစ်မှတ်များကို ရှာဖွေရန် အတင်းအကျပ်စေခိုင်းခံရသည်။ ပစ်မှတ်များထားပြီးနောက် ပြီးစီးအောင် မဆာင်ရွက်ပါက တုန်လှုပ်ချောက်ချားဖွယ်နှိပ်စက်မှုများ စတင်ခံစားရတော့သည်။

၎င်းကုမ္ပဏီများမှ ရရှိသေ ာဝင်ငွေများသည် မြန်မာနှင့် ထိုင်းဘက်ခြမ်းရှိ အာဏာပိုင်များကို နှုတ်ပိတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် အာဏာပိုင်များသည် အဆိုပါဒေသများအတွင်း လည်ပတ်နေသော အတုအယောင်ကုမ္ပဏီများနှင့်ပတ်သက်၍ မသိချင်ယောင်ဆောင်ကာ နှုတ်ဆိတ်နေလျက် ရှိသည်။ အယောင်ဆောင်ကုမ္ပဏီများမှ အကျိုးအမြတ်များရနေသော နှစ်နိုင်စလုံးမှ အာဏာပိုင်များသည် ထိုဒေသတွင် လှုပ်လှုပ်ရှားရှားရှားကိစ္စများမရှိကြောင်း ပြောဆိုလျက် နစ်နာသူများနှင့် နိုင်ငံအသီးသီးမှ သက်ဆိုင်ရာအစိုးရများ၏ တောင်းဆိုမှုကို ကူညီလိုစိတ်မရှိကြောင်း ပြသကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly