တယ်ရီမရှိသည့်အခါ ချယ်လ်ဆီးကိုစိုးရိမ်မိသည်ဟု လမ်းပတ်ပြော

တယ်ရီမရှိသည့်အခါ ချယ်လ်ဆီးကိုစိုးရိမ်မိသည်ဟု လမ်းပတ်ပြော

ဖေဖော်ဝါရီ ၂၈၊ လန်ဒန်။           ။ အသင်းခေါင်းဆောင်တယ်ရီထွက်ခွာသွားသည့်အခါ ချယ်လ်ဆီးအသင်း၏အနာဂါတ်နှင့်ပတ်သက်ပြီး စိုးရိမ်မိသည်ဟု လမ်းပတ်က ပြောသည်။

စာချုပ်သက်တမ်းတိုးတော့မည်မဟုတ်ဟု ဇန်နဝါရီလအတွင်းက သတင်းထွက်ခဲ့ရာ အသင်းခေါင်းဆောင်တယ်ရီသည် လာမည့်နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာရတော့မည်ဟု ယူဆရဖွယ်ရှိသည်။

လန်ဒန်အနောက်ပိုင်းကလပ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကစားပြီး ၂၀၁၄ တွင်ထွက်ခွာခဲ့သည့် လမ်းပတ်က အသင်း၏ထင်ရှားသော အမှတ်အသားတစ်ခုဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"အသင်းရဲ့ထင်ရှားတဲ့ပုံရိပ်တစ်ခုဘယ်ရောက်သွားမလဲဆိုတဲ့အပေါ် ကျွန်တော်စိုးရိမ်ပါတယ်။ အသင်းကြီးတစ်သင်းဖြစ်ဖို့ဆိုရင် ကြီးမားတဲ့ ပုံရိပ်လည်းရှိဖို့လိုပါတယ်။ ကျွန်တော်တို့ တယ်ရီတို့၊ အက်ရှ်လေကိုးလ်၊ ပီတာချက်နဲ့ ဒရော့ဘာတို့ခေတ်အကြောင်းပြန်ပြောနေတယ်လို့ မထင်စေချင်ပေမယ့် အသင်းမှာ တယ်ရီကနောက်ဆုံးအမှတ်သားတစ်ခုလို့ ကျွန်တော်မြင်နေရတာပါ။

ချယ်လ်ဆီးအသင်းနေနဲ့ ပိုကောင်းတဲ့နည်းလမ်းကို ရှာနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ ထိပ်တန်းကစားသမား နှစ်ယောက်၊ သုံးယောက်လောက် ဝယ်ဖို့လိုပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာရောက်ရှိနေတဲ့အဆင့်ရပ်တည်မှုက အသင်းအတွက် မသင့်တော်ပါဘူး"ဟု လမ်းပတ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly