ရှီကျင့်ဖျင်၏ ကြီးထွားလာသော အာဏာရှင်စနစ်ကြောင့် တရုတ်တွင် မငြိမ်သက်မှုများဖြစ်လာ

ရှီကျင့်ဖျင်၏ ကြီးထွားလာသော အာဏာရှင်စနစ်ကြောင့် တရုတ်တွင် မငြိမ်သက်မှုများဖြစ်လာ

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံမကျင်းပမီက နိုင်ငံရေးသဘောထားကွဲလွဲမှုအပေါ် ရှားရှားပါးပါးပြသမှုအဖြစ် ပေကျင်းမြို့ ဟိုင်ဒီအန်ခရိုင် စီတောင်တံတားပေါ်တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို ဆန့်ကျင်သော နဖူးစည်းစာတန်းတစ်ခု ချိတ်ဆွဲထားသည်။

တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုသည် နိုင်ငံကို ကသောင်းကနင်း ဖြစ်စေသောကြောင့် ပြုပြင်မှု၊ ဂုဏ်သိက္ခာနှင့် လွတ်မြောက်မှုကို တောင်းဆိုသော စာသားများ ရေးသားထားသည် နဖူးစည်းစာတန်းချိတ်ဆွဲထားသော ဓာတ်ပုံသည် လူမှုမီဒီယာပေါ်၌ ပျံ့နှံ့သွားခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေး လိုအပ်မှုအပေါ် ရှုတ်ချခဲ့ကြသည်ဟု Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသားတစ်ဦးဖြစ်ရခြင်းနှင့်အလားတူသော ကျေးကျွန်ဖြစ်မှုကို အဆုံးသတ်ရန်လည်း တောင်းဆို ထားကြသည်။သို့သော် ဆန္ဒပြမှုတွ ပါဝင်သောသူတစ်ဦးကို နောက်ပိုင်းတွင် ဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားသည်။

ယင်းဆန္ဒပြမှုသည် အာဏာသက်တမ်း ၅ နှစ်တိုးရန် မျှော်လင့်နေသော ရှီအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခုဖြစ်သည်။

ရှီသည် နိုင်ငံခေါင်းဆောင်အဖြစ် တတိယသက်တမ်းရယူရန် ရည်ရွယ်ထားချိန်တွင် အလိုအပ်ဆုံး ခေါင်းဆောင်အဖြစ် ရှုမြင်ခံရရေးမှာ အလွန်အရေးကြီးနေသည်။ နိုင်ငံဒေသအသီးသီးမှ လူထုဆန္ဒပြပွဲ သတင်းများက ရှီအတွက် အထောက်အကူမဖြစ်ပေ။

တရုတ်တွင် ဆူပူအုံကြွမှုဖြစ်နေသည်မှာ သိသာထင်ရှားနေပြီး ရှီ၏ အလွန်အမင်းရန်လိုမှုက ဆူပူမှု၏ အကြောင်းရင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ကန့်သတ်ချက်များအကောင်အထည်ဖော်ရာတွင် တာဝန်ရှိသူများ၏ ယုံမှား သံသယလွန်ကဲမှုအပါအဝင် ကိစ္စရပ်များစွာကို ဆန့်ကျင်သော တရုတ်ပြည်သူများအကြား စိတ်ပျက်မှုနှင့် မကျေနပ်မှုများ ပေါ်ပေါက်လာချိန်တွင် ယင်းဆန္ဒပြမှု ပေါက်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required