ပါကစ္စတန်စီးပွားရေးစင်္ကြံသည် ဘလူချီစတန်အတွက်မဟုတ်ဘဲ ပန်ဂျတ်ပြည်နယ်အတွက်သာ အကျိုးရှိနေကြောင်းစွပ်စွဲ

ပါကစ္စတန်စီးပွားရေးစင်္ကြံသည် ဘလူချီစတန်အတွက်မဟုတ်ဘဲ ပန်ဂျတ်ပြည်နယ်အတွက်သာ အကျိုးရှိနေကြောင်းစွပ်စွဲ

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် တရုတ်-ပန်ဂျတ်စင်္ကြံနှင့် ဖြစ်လာနေခြင်းကြောင့် ဘလူချီစတန်ပြည်သူများကစိတ်ပျက်နေကြသည်ဟု "ဂွါဒါအခွင့်အရေး" လှုပ်ရှားမှု၏ ခေါင်းဆောင်မူလာနာရာမန်ကပြောကြားလိုက်သည်။

ဘလူးချ်လူမျိုးများကိုနယ်နိမိတ်များနှင့်ပင်လယ်များကပင်တားဆီးထားကြောင်းရာမန်ကပြောကြားခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုကို အလွန်စိတ်ပျက်မိသောကြောင့်ပြည်သူများက နိုင်ငံတော်ကို တော်လှန်ပုန်ကန်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဘလူချီစတန်သည်သဘာဝအရင်းအမြစ်များအများဆုံးရှိသောပြည်နယ်ဖြစ်သော်လည်းဘလူချီစတန်ပြည်သူများသည်ဆင်းရဲမွဲတေမှုနှင့်ငတ်မွတ်မှုအပါအဝင်ပြဿနာမျိုးစုံကိုရင်ဆိုင်နေရသည်။

ဘလူချီစတန်ပြည်သူများသည် CPEC မှ မည်သည့်အကျိုးအမြတ်မှမရရှိဘဲ ကိုယ်ပိုင်ဆိုင်သည့် နိုင်ငံတွင်သူစိမ်းများကဲ့သို့ နေထိုင်ကြရသည်။

ပါကစ္စတန်ရှိတိုင်းရင်းသားနှင့်ဘာသာရေးအုပ်စုများသည်နိုင်ငံရေးနှင့်အစိုးရ၏လျစ်လျူရှုမှုများကြောင့်ဆက်လက်ဒုက္ခခံစားနေကြရသည်။

မျိုးဆက်သစ်လူငယ်များကြားတွင်မူးယစ်ဆေးစွဲမှုအန္တရာယ်ကြီးထွားလာနေကြောင်းခေါင်းဆောင်များကပြော ကြားခဲ့သည်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမဟာဗျူဟာချမှတ်ရန်ပျက်ကွက်ခဲ့ခြင်းအတွက်အစိုးရကို၎င်းတို့က အပြစ်တင်ခဲ့ကြသည်။

၂၀၂၁ခုနှစ်တွင်CPEC ဆန့်ကျင်ရေးဆန္ဒပြမှုများပိုမိုပြင်းထန်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required