တရုတ် ရင်းနှီးမြှုပ်နှံမှုနှောင့်နှေးခြင်းအတွက် တာလီဘန်များ စိုးရိမ်

တရုတ် ရင်းနှီးမြှုပ်နှံမှုနှောင့်နှေးခြင်းအတွက် တာလီဘန်များ စိုးရိမ်

အာဖဂန်စီးပွားရေးသည် နိုင်ငံခြားအကူအညီမရရှိခြင်းကြောင့်ပြိုကျနေသည်။ ယင်း၏ပြည်ပပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းနှင့်တရုတ်ရင်းနှီးမြှုပ်နှံမှုမျှော်လင့်ချက်မှာလည်းအချည်းနှီးပင်။

တရုတ်က ကတိပြုထားသောရင်းနှီးမြှုပ်နှံများ ကြိုတင်အကြောင်းမကြားဘဲ'နှေးကွေးသွားခြင်း'ကြောင့် တာလီဘန်အရာရှိများနှင့်စီးပွားရေးအသိုင်းအဝိုင်းကဒေါသထွက်နေကြသည်။

အာဖဂန်နစ္စတန်သည်ဆိုးရွားသောငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့်ရင်ဆိုင်နေရပြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များလည်းမရှိပေ။

အမေရိကန်ထွက်ခွာသွားမှုကြောင့်ဖြစ်ပေါ်လာသောကွက်လပ်ကိုရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့်ဖြည့်ဆည်းပေးမည်ဟု တရုတ်ကကတိပြုခဲ့သော်လည်းစီးပွားရေးလှုပ်ရှားမှုများမစတင်သေးပေ။

ကဘူးလ်မြို့လာရောက်ပြီးအာဖဂန်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သည်ကြီးများအသင်းအပါအဝင်စီးပွားရေးအသိုင်းအဝိုင်းများနှင့်တရုတ်ကုမ္ပဏီများကဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်းတစ်စုံတစ်ရာတိုးတက်မှုမရှိခဲ့ပေ။

ရပ်ဆိုင်းနေသောပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည်အသက်သွင်းခြင်းနှင့်စီမံကိန်းအသစ်များတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့်အာဖဂန်ကိုကူညီမည်ဖြစ်ကြောင်းတရုတ်ကအစောပိုင်းတွင်ပြောကြားခဲ့သော်လည်းတရုတ်က ယင်းကတိကဝတ်များ မဖြည့်ဆည်းနိုင်သေးပေ။

ဗဟိုအာရှမှတဆင့်အာဖဂန်နစ္စတန်ကိုဆက်သွယ်ပေးမည့်ရထားလမ်းသစ်သည်ပထမဆုံးကုန်စည်များသယ်ဆောင်ကာအာဖဂန်နစ္စတန်သို့စက်တင်ဘာ၁၃ရက်ကတရုတ်မှစတင်ထွက်ခွာလာခဲ့သည်။

အဆိုပါရထားလမ်းစတင်ပြေးဆွဲမှုသည်အာဖဂန်နစ္စတန်ရှိတာလီဘန်ဦးဆောင်သောအစိုးရအတွက် စီးပွားရေးနှင့်ကုန်သွယ်မှုလမ်းကြောင်းများတိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

အာဖဂန်ကုန်ပစ္စည်း၉၈ရာခိုင်နှုန်းအပေါ်အကောက်ခွန်ကင်းလွတ်ခွင့်ကိုတရုတ်ကကြေညာထားသော်လည်းစက်မှုဖွံ့ဖြိုးတိုးတက်ရေးကန့်သတ်ချက်များကြောင့်ပို့ကုန်များတင်ပို့နိုင်မည့်အလားအလာနည်းပါးခြင်းနှင့်အဓိကအားဖြင့်သဘာဝသယံဇာတများကိုမှီခိုနေရသည့်နိုင်ငံဖြစ်သည့်အတွက်ယင်းအစီအမံများသည်အာဖဂန်နစ္စတန်အတွက်အကျိုးကျေးဇူးများစွာရှိမည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required