အမျိုးသားညီလာခံ မတိုင်မီကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုသက်တမ်းတိုးသည့်အတွက် တရုတ်ပြည်သူများ စိတ်ပျက်

အမျိုးသားညီလာခံ မတိုင်မီကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုသက်တမ်းတိုးသည့်အတွက် တရုတ်ပြည်သူများ စိတ်ပျက်

အကြိမ်၂၀မြောက်အမျိုးသားကွန်ဂရက်အပြီးတွင်တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့ပေးမည်ဟုမျှော်လင့်နေကြသော တရုတ်ပြည်သူများက ယင်းမူဝါဒကိုဆက်လက်ဖော်ဆောင်မည်ဆိုခြင်းကြောင့်ဒေါသထွက်ခဲ့ကြသည်။

နိုင်ငံ၏စီးပွားရေးကိုကျဆင်းစေမှုကြောင့်တရုတ်အစိုးရအားကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုဖြေလျှော့ပေးရန်ပြည်သူများ၏ဖိအားတိုးလာနေကြောင်းပြည်တွင်းမီဒီယာများကဖော်ပြသည်။

သို့သော်တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏၁၉ကြိမ်မြောက်ဗဟိုကော်မတီအစည်း အဝေး၏ ၇ကြိမ်မြောက်စုံညီ အစည်းအဝေးဆွေးနွေးမှုများအရအကြိမ်၂၀မြောက်အမျိုးသားကွန်ဂရက်ပြီးဆုံးသွားသည့်တိုင် CCP ၏ တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်လုပ်ဆောင်ရန်ပါတီက သန္နိဋ္ဌာန်ချထားသည်။ .

ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်အားလုံးကိုဖြတ်တောက်ရေးအတွက်ပြည်သူများအား“စိတ်ရှည်သည်းခံကြ”ရန် အောက်တိုဘာ၁၀ရက်တွင် တိုက်တွန်းခဲ့သည့်ပါတီ၏ အာဘော်ဖြစ်သော'ပြည်သူ့နေ့စဉ်' သတင်းစာမ ှဖော်ပြချက်ကလည်း ယင်းအချက်ကိုပဲ့တင်ထပ်နေသည်။

ကွန်ဂရက်လွှတ်တော်အပြီးတွင်ကိုဗစ်နှင့်ပတ်သက်သောကန့်သတ်ချက်များကိုဖြေလျှော့ပေးမည်ဟူသောမျှော် လင့်ချက်ကို'ပြည်သူ့နေ့စဉ်' သတင်းစာ၏ စိတ်ရှည်ကြရန်တောင်းဆိုမှုက ပြည်သူများကို စိတ်ပျက်စေခဲ့သည်။

တရုတ်တွင် မကြာသေးမီရက်သတ္တပတ်များအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်များပြားလာခဲ့ပြီး ကူးစက်မြန်သောမျိုးကွဲများကြောင့်ဖြစ်သည်။

တရုတ်တွင်အိုမီခရွန်မျိုးကွဲအသစ်BF.7နှင့်BA.5.1.7ကိုတွေ့ရှိခဲ့သည်။

BF.7မျိုးကွဲကိုအောက်တိုဘာ၁၀ရက်တွင်တရုတ်ပြည်နယ်များတွင်ပိုမိုတွေ့ရှိခဲ့ရသည်။အလွန်ကူးစက်မြန်သော ဗိုင်း ရပ်စ်ကို တရုတ်အနောက်မြောက်ပိုင်းတွင် ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည်။

အိုမီခရွန်မျိုးကွဲအသစ်BA.5.1.7ကိုတရုတ်နိုင်ငံတွင်ပထမဆုံးအကြိမ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်းရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာမှလက်ထောက်ညွှန်ကြားရေးမှူးလီစူးကျန်ကပြောကြားခဲ့ကြောင်းGlobal Times ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required