ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ရှီကျင့်ဖျင် အာဏာတည်ဆောက်ခဲ့သည့် နည်းလမ်းများ

ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ရှီကျင့်ဖျင် အာဏာတည်ဆောက်ခဲ့သည့် နည်းလမ်းများ

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးနေရာနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌတာဝန်တို့ကို လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ၁၈ ကြိမ်မြောက် ပါတီညီလာခံတွင် ရယူခဲ့ပြီးနောက် နိုင်ငံ၏အဆင့်မြင့်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ယင်းတာဝန်များကို ယူပြီး မတ်လတွင် သမ္မတတစ်ဦး ဖြစ်လာခဲ့သည်။

အောက်တိုဘာ ၁၆ ရက်က စတင်ခဲ့သည့် ပါတီ၏ ၂၀ ကြိမ်မြောက် ညီလာခံအတွင်း သူသည် သမ္မတတာဝန်ကို တတိယသက်တမ်းအဖြစ် ရယူသွားနိုင်ဖွယ်ရှိကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူ မော်စီတုန်းနောက်ပိုင်း နိုင်ငံတွင် ဩဇာအကြီးဆုံး ခေါင်းဆောင်အဖြစ် အခိုင်အမာ ရပ်တည်လာခဲ့သည်။

ရှီသည် သူ၏ အာဏာကို ရေတို ရေရှည်နည်းလမ်းများဖြင့် စုဆောင်းခဲ့ရာတွင် တရုတ်နိုင်ငံအား သမားရိုးကျ ပုံစံဖြစ်သည့် ပေါ်လစ်ဗျူရိုဦးဆောင် ကော်မတီ၏ အထွေထွေအတွင်းရေးမှူးသည် ရာထူးအဆင့်မြင့်ဆုံးဟု သတ်မှတ်သည့် ခေါင်းဆောင်မှုပုံစံမှ အထွတ်အထိပ်ခေါင်းဆောင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

လေ့လာသုံးသပ်သူများနှင့် ကျွမ်းကျင်သူများက ရှီကျင့်ဖျင်သည့် ဩဇာအာဏာ တည်မြဲရေးအတွက် အောက်ပါ နည်းလမ်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

  • ဝန်ကြီးချုပ်က ပုံမှန်အားဖြင့် တာဝန်ယူရသည့် စီးပွားရေးဆိုင်ရာ မူဝါဒချမှတ်မှုပုံစံမှ အုပ်စုငယ်များအား ဖွဲ့စည်းကာ ဦးဆောင်လုပ်ကိုင်ရသည့် ပုံစံသို့ ပြောင်းလဲခဲ့ရာတွင် ရှီကျင့်ဖျင်က သူအာဏာရရှိလာပြီးနောက် ၂၀၁၂ ခုနှစ်တွင် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းကာ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့် ပြောင်းလဲရေးအပြင် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။
  • သစ္စာမခံဟု ယူဆရသော၊ အကျင့်ပျက်ခြစားသော၊ ထိရောက်စွာ အလုပ်မလုပ်နိုင်သော ဝန်ထမ်းအများအပြားကို ရှင်းလင်းဖယ်ရှားပြီး ၎င်းတို့၏ လစ်လပ်သောနေရာများတွင် သူ၏ မဟာမိတ်များကို ဖြည့်ဆည်းခန့်ထားသည်။ ယခုအချိန်ထိ အရာရှိ ၄ ဒသမ၇ ဦးကို စစ်ဆေးမေးမြန်းခဲ့သည်။
  • ရှီက သူယုံကြည်ရသော မိတ်ဆွေများကို ပါတီ၏ အဓိကကျသည့် ဝန်ထမ်းခန့်အပ်သော လူသားရင်းမြစ်စီမံခန့်ခွဲရေး နေရာများတွင် တာဝန်ပေးသည်။
  • ပြုပြင်ပြောင်းလဲမှုများနှင့် ၂၀၁၅ ခုနှစ်မှစ၍ စရိတ်လျှော့ချမှုများဖြင့် စစ်တပ်ကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။
  • ရဲအရာရှိ အကြီးအကဲများနှင့် တရားသူကြီးများကို တာဝန်မှ ဖယ်ရှားရှင်းလင်းရေးများကို လုပ်ဆောင်ကာ ပြည်တွင်းလုံခြုံရေးယန္တရားကို ထိန်းချုပ်ခဲ့သည်။
  • ပါလီမန်နှင့် ဝန်ကြီးအဖွဲ့၊ တရားရုံးချုပ်တို့ကဲ့သို့ အခြား အဖွဲ့အစည်းများအနေဖြင့် နှစ်ပတ်လည်အစီရင်ခံစာများကို ပေးပို့ရန် ၂၀၁၅ ခုနှစ်မှစ၍ အမိန့်ထုတ်ပြန်ခဲ့သည်။
  • ပါတီ၏ လမ်းစဉ်အတိုင်း လုပ်ကိုင်ရန် ရှီက နိုင်ငံများကို ၂၀၁၆ ခုနှစ်မှစတင် ညွှန်ကြားခဲ့သည်။ ထိုအချိန်မှစ၍ မီဒီယာလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးခဲ့ပြီး ရှီနှင့် ပတ်သက်သည့် ဝါဒဖြန့်ချိမှုများသာ ပိုမိုများပြားလာခဲ့သည်။
  • သူသာလျှင်ပါတီ၏ ထိပ်ဆုံးခေါင်းဆောင်တစ်ဦးအဖြစ် မိမိကိုယ်ကို နေရာပေးခဲ့သည်။
  • ဆိုရှယ်လစ်ဝါဒနှင့် တရုတ် ဝိသေသလက္ခဏာများဆိုင်ရာ ရှီကျင့်ဖျင်၏ အတွေးအမြင် ပါဝင်စေရန် ၂၀၁၇ ခုနှစ်တွင် ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှီက ပြင်ဆင်ခဲ့သည်။
  • ပါတီ၏ ထိပ်တန်းနေရာကို ရယူထားကြောင်း “ပါတီ၊ အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ ကျန်းမာရေး၊ အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ ဗဟို” ပါတီက အားလုံးကို ဦးဆောင်နေသည်။
  • သမ္မတသက်တမ်း ကန့်သတ်ချက်ကို ဖျက်သိမ်းရန်နှင့် တစ်သက်စာ နိုင်ငံကို အုပ်ချုပ်သွားနိုင်စေရန် ၂၀၁၈ ခုနှစ်တွင် နိုင်ငံ၏ ဖွဲ့စည်းကို ပြင်ဆင်ခဲ့သည်။
  • ၂၀၂၁ ခုနှစ်က ပြဌာန်းခဲ့သည့် သမိုင်းဝင်ဆုံးဖြတ်ချက်တွင် ပါတီ ရှီအား သစ္စာရှိရန် ပါတီဝင်များက ကတိပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly