တရုတ်က ကုလသမဂ္ဂညီလာခံတွင် အလွန်အကျွံမဖြစ်အောင် ပြောကြားနေ

By Just Earth News
16 October 2022
တရုတ်က ကုလသမဂ္ဂညီလာခံတွင် အလွန်အကျွံမဖြစ်အောင် ပြောကြားနေ

တရုတ်အစိုးရက ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံတကာအရေးကိစ္စများနှင့် ထိုင်ဝမ်အပေါ် အမေရိကန်၏ မူဝါဒများနှင့် ပတ်သက်၍ သဘောထားအပြောင်းအလဲဖြင့် ပြောဆိုမှုများကို မကြာခဏလုပ်ခဲ့သည်။

ညီလာခံအဖွင့်၌ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတိပေးမှုတစ်ရပ် ပြုလုပ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်၏ အခန်းကဏ္ဍကို ထုတ်ဖော်ခဲ့သည်။

“ငြိမ်းချမ်းရေးက ကျွန်တော်တို့ အနာဂတ်အတွက် အရေးကြီးသလို နိုင်ငံအားလုံးနဲ့ လုံခြုံရေးအတွက်လည်း အရေးပါပါတယ်။ မတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေက ပြဿနာတွေကိုပဲ ဖြစ်ပွားစေမှာပါ။ ကြားနယ်မြေမှာ စစ်ပွဲဖန်တီးသူတွေက သူတို့ရဲ့ လက်တွေပဲ လောင်ကျွမ်းမှာပါ။ ကိုယ့်ရဲ့ လုံခြုံရေးကိုပဲ ဂရုစိုက်နေရင် ကမ္ဘာကြီးရဲ့ မဟာဗျူဟာ တည်ငြိမ်ရေးကို ပျက်စီးစေနိုင်ပါတယ်။ မတူညီမှုတွေကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့

အငြင်းပွားစရာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းမယ်လို့ ဆက်လက် ဆုံးဖြတ်ထားဖို့ လိုပါတယ်” ဟု ဝမ်ယိက ပြောကြားသည်။

ဝမ်ယိက ထိုင်ဝမ်နှင့် ပတ်သက်၍ အနောက်အုပ်စု၏ ချည်းကပ်မှုအပေါ်လည်း ရုတ်တရက် ပြောင်းလဲ ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် အရိုးသားဆုံး၊ အကြီးမားဆုံး အားထုတ်မှုများဖြင့် ငြိမ်းချမ်းစွာ ပြန်လည် ပူးပေါင်းနိုင်ရေးကို လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

“ရည်မှန်းချက် ပြည့်ဝဖို့ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးလို့ ပြောဆိုပြီး ခွဲထွက်ဖို့ လုပ်ဆောင်နေတာတွေကို အခိုင်အမာ ဖြေရှင်းရပါမယ်။ ပြင်ပအုပ်စုတွေက ကြားဝင်နှောက်ယှက်မှုတွေကို ရှင်းလင်းဖို့ အင်အားအကောင်းဆုံး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ရပါမယ်” ဟု လည်း ဝမ်ယိက ပြောကြားသည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍လည်း ဥပဒေအရ ဆောင်ရွက်မှသာ ငြိမ်းချမ်းစွာ ပြန်လည်ပူးပေါင်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ကြောင်းနှင့် အပြည့်အဝပြည်လည်း ပူးပေါင်းနိုင်မှသာ ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မည်ဟု ဝမ်ယိက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required