ရထားလမ်းချေးငွေအတွက် အကြွေးဆပ်ရန် ပျက်ကွက်သည့် ကင်ညာနိုင်ငံကို တရုတ်ဘဏ် ဒဏ်ကြေးငွေချမှတ်

ရထားလမ်းချေးငွေအတွက် အကြွေးဆပ်ရန် ပျက်ကွက်သည့် ကင်ညာနိုင်ငံကို တရုတ်ဘဏ် ဒဏ်ကြေးငွေချမှတ်

ရထားလမ်းသစ်တည်ဆောက်ရန် ရယူထားသည့် ချေးငွေအတွက် နောက်ဆုံးသတ်မှတ်ကာလအတွင်း ပေးရန် ပျက်ကွက်သည့် ကင်ညာအစိုးရအား တရုတ်ဘဏ်များက ဒဏ်ကြေးငွေ ရှီလင် ၁ ဒသမ ၃၁၂ ဘီလီယံ ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများကို Business Daily Africa သတင်းဌာနက တွေ့ရှိခဲ့သည်။

ကင်ညာ၏ SGR လုပ်ငန်းလည်ပတ်မှုအတွက် ရှီလင် ၃ ဒသမ ၄ ဘီလီယံနှင့် ဇွန်လအထိ ဘဏ္ဍတစ်ဆင့် ကြွေးဆပ်ရမည့် ငွေမှာ ရှီလင် ၂၂ ဒသမ၇ ဘီလီယံဖြစ်သည်။

ကင်ညာအစိုးရ မွမ်ဘာဆာမှ နီဝါရှာအထိ SGR ရထားလမ်းစီမံကိန်းအတွက် တရုတ်မြီရှင်များထံမှ ရှီလင် ထရီလီယံဝက်ကျော်အား ချေးယူခဲ့ရာတွင် တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်မှ အများစုပါဝင်သည်။

“ယခုပေးဆပ်ရမည့် ရှီလင် ၁ ဒသမ၃၁၂ ဘီလီယံသည် ပြန်လည်ကြွေးဆပ်ရမည့် ငွေ ၁ ရာခိုင်နှုန်းအပေါ် အတိုးမပေးဆောင်ခြင်းအတွက် ဖြစ်သည်” ဟု Business Daily Africa သတင်းတွင် ဖော်ပြထားသည်။

“ခရီးသည့်ပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းသယ်ယူသည့် ဝန်ဆောင်မှုများမှ ဝင်ငွေသည် လုပ်ငန်းလည်ပတ်မှုအတွက် လိုအပ်သည့် ရှီလင် ၁၈ ဒသမ၅ ဘီလီယံအထိ မရဘဲ ဇွန်လအထိ ရငွေမှာ ၁၅ ဘီလီယံသာရှိခဲ့ခြင်းကြောင့် မပေးဆပ်နိုင်သည့် SGR အတွက် အကြွေးဝန်ထုပ်ဝန်ပိုးများကို အခွန်ဆောင်ပြည်သူများက ပေးဆပ်ရမည့် တာဝန်ဖြစ်လာသည်။

ကင်ညာက အကြွေးပြန်ဆပ်မည့်ကာလအား သက်တမ်းတိုးပေးရန် တောင်းဆိုခဲ့ပြီး တစ်နှစ်အတွင်း ယခုကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ချေးငွေများဖြင့် တည်ဆောက်သည့် စီမံကိန်းများအတွက် အကြွေးပြန်ပေးရန် ဆိုင်းငံ့ခွင့်အတွက် ကင်ညာ၏ လျှောက်ထားမှုကို Exim Bank of China အပါအဝင် အခြား မြှီရှင်များက ပယ်ချခဲ့ကြသည်။

ကမ္ဘာ့ဘဏ်ပြီးနောက် ဒုတိယအများဆုံးအဖြစ် ၂၀၂၁-၂၂ ခုနှစ်တွင် ကင်ညာ၏ ပြည်ပကြွေးမြီစုစုပေါင်း ၃ ပုံ ၁ ပုံအား တရုတ်သို့ ပေးဆပ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly