ရီးယဲလ်ကိုနိုင်ပြီးနောက် အက်သလက်တီကိုအသင်းစံချိန်သစ်တစ်ခုရရှိ

ရီးယဲလ်ကိုနိုင်ပြီးနောက် အက်သလက်တီကိုအသင်းစံချိန်သစ်တစ်ခုရရှိ

ဖေဖော်ဝါရီ ၂၈၊ မက်ဒရစ်။             ။ အက်သလက်တီကိုအသင်းသည် လာလီဂါသမိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်း၌ သုံးပွဲဆက်အနိုင်ရသည့် ပထမဆုံး အသင်းဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော မက်ဒရစ်ဒါဘီပွဲတွင် ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းအတွက် ဒုတိယပိုင်း၌ အနိုင်ဂိုးသွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကိုမှာ အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနှင့်ငါးမှတ်အကွာသို့ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်ရာသီတွင် အဒါတူရန်၏ဂိုးကြောင့် ရီးယဲလ်ကိုဘာနေဗျူး၌ ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်အပြင် အက်သလက်တီကိုအသင်းဖလားရ သည့် ၂၀၁၃-၁၄ ဘောလုံးရာသီကလည်း ဒီယေဂိုကော်စတာ၏ ဂိုးကြောင့် ၁-၀ ဖြင့်အနိုင်ရခဲ့သည်။

"ကျွန်တော်တို့ဒီနေရာမှာအနိုင်ရဖို့အတွက် ပကတိအတိုင်းပဲကစားနေခဲ့တာပါ။ ဘောလုံးကအံ့ချီးဖို့ကောင်းပြီး ရှင်းပြရတာလဲ ခက်ပါတယ်။ ဘောလုံးဆိုတာပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒါဘီပွဲတစ်ချို့မှာ ကျွန်တော်တို့ရှုံးလိမ့်မယ်။ ဒီကစားပုံအတိုင်းနဲ့ပဲ ချန်ပီယံလိဂ်မှာ သူတို့ကို နောက်ကျဂိုးနဲ့ ရှုံးခဲ့တယ်။

အသင်းရဲ့လက်ရှိပုံစံကတော့ တည်ငြိမ်မှု၊ စုသည်းမှု၊ တစ်ဦးချင်းပေးဆပ်မှုနဲ့ ကြည့်ကောင်းပါတယ်။ အက်သလက်တီကိုအသင်းဆက်သွား မယ်။ ပိုကောင်းတဲ့အနာဂါတ်ကိုတည်ဆောက်သွားမယ်။ တိုးတက်လာမယ့်လူငယ်ကစားသမားတွေပေါ့။

အက်သလက်တီကိုရဲ့အစိတ်အပိုင်းဖြစ်ရလို့ ကျွန်တော်တို့ပျော်ရွှင်ရတာကတော့ အမှန်တရားပါပဲ"ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly