ပေါင်းစပ်စစ်ပွဲပုံစံ မဟာဗျူဟာများဖော်ဆောင်ရန်ယူကရိန်းစစ်ပွဲအတွေ့အကြုံကို တရုတ် လေ့လာနေ

ပေါင်းစပ်စစ်ပွဲပုံစံ မဟာဗျူဟာများဖော်ဆောင်ရန်ယူကရိန်းစစ်ပွဲအတွေ့အကြုံကို တရုတ် လေ့လာနေ

ဒရုန်းများနှင့်စိတ်ပိုင်းဆိုင်ရာဖိအားများအပါအဝင်ထိုင်ဝမ်ကိုတိုက်ခိုက်ရေးအတွက်“ပေါင်းစပ်စစ်ပွဲ”မဟာဗျူဟာများဖော်ဆောင်ရန်ယူကရိန်းစစ်ပွဲအတွေ့အကြုံကိုတရုတ်ကလေ့လာနေကြောင်း ထိုင်ဝမ်အကြီးတန်းလုံခြုံရေး အရာရှိတစ်ဦးက အောက်တိုဘာ၁၂ရက်တွင်ပြောကြားလိုက်သည်။

တရုတ်ကပိုင်ဆိုင်ကြောင်းပြောကြားနေသည့်ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့်ထိုင်ဝမ်ကို တရုတ်က အင်အားသုံးခြိမ်းခြောက်လာပါကထိုင်ဝမ်ကအချုပ်အခြာအာဏာကိုထိန်းသိမ်းရန်မည်ကဲ့သို့တုံ့ပြန်သင့်သည်ကို လေ့လာရန် ထိုင်ဝမ်ကလည်းယူကရိန်းစစ်ပွဲသင်ခန်းစာများကိုအသေအချာလေ့လာလျက်ရှိသည်။

ယူကရိန်းတွင်ဖြစ်ပျက်နေသည်များကိုတရုတ်ကအာရုံစိုက်လေ့လာနေကြောင်းထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ်ချန်မင်တန်ကပါလီမန်တွင်ပြောကြားခဲ့သည်။

“ထိုင်ဝမ်ကိုဆန့်ကျင်ဖို့'ပေါင်းစပ်စစ်ပွဲ' ကိုဖော်ဆောင်ရေးအတွက်ရုရှား-ယူကရိန်းစစ်ပွဲအတွေ့အကြုံတွေကိုဒီနှစ်မှာကွန်မြူနစ်စစ်တပ်ကလေ့လာနေပြီးအားကောင်းတဲ့ရန်သူတွေကိုတိုက်ခိုက်ရေးအတွက်လေ့ကျင့်ပြင်ဆင်နေပါတယ်”ဟုလွှတ်တော်အမတ်များကို၎င်းကပြောကြားခဲ့သည်။

တရုတ်၏သြဂုတ်လစစ်ရေးလေ့ကျင့်မှုအပြီးတွင်၊အထူးသဖြင့်ထိုင်ဝမ်ထိန်းချုပ်ထားသောကျွန်းများအနီးနှင့်ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ဒရုန်းများပျံသန်းခြင်းဖြင့်ထိုင်ဝမ်အပေါ်ယင်း၏ "မီးခိုးရောင်ဇုန်" နှင့်ပေါင်းစပ်လှုပ်ရှားမှုများကိုတိုးချဲ့ခဲ့သည်ဟုချန်ကပြောကြားခဲ့သည်။

တရုတ်၏မီးခိုးရောင်ဇုန်စစ်ဆင်ရေးတွင်ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့မကြာခဏကျူးကျော်ပျံသန်းခြင်းနှင့်ထိုင်ဝမ်လေတပ်ကအရေးပေါ်ချက်ချင်းပျံတက်ရခြင်းကဲ့သို့သောရန်သူကိုပွင့်ပွင့်လင်းလင်းမတိုက်ခိုက်ဘဲ ခြေကုန်လက်ပန်းကြရေးကြိုးပမ်းသည့်မမှန်မကန်နည်းဗျူဟာများပါဝင်သည်ဟုထိုင်ဝမ်ကပြောကြားထားသည်။

ကမ်းလွန်ကျွန်းများတွင်ဒရုန်းဖြင့်ရိုက်ကူးထားသောထိုင်ဝမ်စစ်သားများ၏သြဂုတ်လအတွင်းက တရုတ်လူမှု ကွန်ရက်မီဒီယာတွင်ပျံ့နှံ့ခဲ့သောဗီဒီယိုကိုဖော်ပြပြီးတရုတ်ကထိုင်ဝမ်စစ်တပ်၏ရုပ်ပုံများကိုအွန်လိုင်းတွင်လွှင့်တင် ပြီးမဟုတ်မမှန်ပြောဆိုကာထိုင်ဝမ်အစိုးရကိုတိုက်ခိုက်ခိုင်းခဲ့သည်။

တရုတ်ကွန်မြူနစ်များကစိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ၊မီးခိုးရောင်ဇုန်လှုပ်ရှားမှုများနှင့်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှုပုံစံအသစ်ဖြင့်ဖွဲ့စည်းထားသည့်အခြားပေါင်းစပ်နည်းလမ်းများကိုတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းအဆိုပါလှုပ်ရှားမှုများကဖော်ပြနေသည်ဟုချန်ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly