တရုတ်၏နည်းပညာတိုးချဲ့အသုံးပြုလာခြင်းကအနောက်နိုင်ငံများအတွက်အဓိကစိန်ခေါ်မှုများဖြစ်

တရုတ်၏နည်းပညာတိုးချဲ့အသုံးပြုလာခြင်းကအနောက်နိုင်ငံများအတွက်အဓိကစိန်ခေါ်မှုများဖြစ်

အတိုက်အခံများကိုထိန်းချုပ်ရန်တရုတ်၏နည်းပညာကိုတိုးချဲ့အသုံးပြုခြင်းနှင့်ဂြိုဟ်တုစနစ်များကိုတိုက်ခိုက်ခြင်း၊ဒစ်ဂျစ်တယ်ငွေကြေးများကိုထိန်းချုပ်ခြင်းနှင့်လူတစ်ဦးချင်းစီကိုခြေရာခံမှုသည် ရုရှား၏ကျူးကျော်မှုထက် အနောက်နိုင်ငံများအတွက် ပိုမိုနက်နဲသော စိန်ခေါ်မှုများကိုဖြစ်ပေါ်စေသည်။

ဗြိတိန်အီလက်ထရွန်းနစ်ထောက်လှမ်းရေးသတင်းစုဆောင်းမှုနှင့်ဆိုက်ဘာအေဂျင်စီဖြစ်သည့်GCHQ ၏အကြီးအကဲဗြိတိန်ထိပ်တန်းထောက်လှမ်းရေးအရာရှိဂျယ်ရမီဖလင်မင်းကကြီးထွားလာနေသည့်တရုတ်ခြိမ်းခြောက်မှုကိုအောက်တိုဘာ၁၁ရက်ကသတိပေးလိုက်သည်။

ရုရှားကျူးကျော်မှုတွင်တရုတ်ကူညီပံ့ပိုးပေးနေသည့်အတိုင်းအတာကိုဖလင်မင်းကသံသယရှိနေကြောင်းပြော ကြားခဲ့သည်ဟုThe New York Times (NYT) တွင်ဒေးဗစ်အီးဆန်ဂါက ရေးသားခဲ့သည်။

ယူကရိန်းကိုမကျူးကျော်ခင်ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့ယခုနှစ်အစောပိုင်းက ပေကျင်းအိုလံပစ်တွင်တွေ့ဆုံခဲ့သည့်အချိန်ကသုံးနှုန်းခဲ့သည့်အသုံးအနှုန်းကိုဖော်ပြပြီး“ဒါကအကန့်အသတ်မဲ့ဆက်ဆံရေးမျိုးလို့မထင်ပါဘူး”ဟု၎င်းကပြောကြားခဲ့သည်။

ရုရှား၏စိတ်ပျက်စရာကောင်းသောစစ်မြေပြင်စွမ်းဆောင်ရည်နှင့်ရက်စက်ကြမ်းကြုတ်မှုများကြောင့်ရုရှားနှင့် ဆက်ဆံရေးကောင်းမွန်းအောင် ဆက်လက်လုပ်ဆောင်ခြင်း၏အားသာချက်များနှင့် အားနည်းချက်များကို တရုတ်က ချိန်ဆရန်လိုအပ်ကြောင်း၎င်းကပြောကြားခဲ့သည်။

ဖလင်မင်း၏အေဂျင်စီသည်ရုရှားဆက်သွယ်ရေးကိုခြေရာခံခြင်းနှင့်အစိုးရနှင့် ကော်ပိုရိတ်ဆက်သွယ်ရေး၂ခုစလုံးကိုကာကွယ်ရန်အသုံးပြုသည့်ကုဒ်ဝှက်စနစ်ကိုထိုးဖောက်လာနိုင်မည့်တရုတ်၏ကွမ်တမ်တွက်ချက်မှုအဆင့်မြင့်လာခြင်းမှကာကွယ်ရေးအတွက်အဓိကအခန်းကဏ္ဍမှပါဝင်နေကြောင်းဆန်ဂါကဖော်ပြခဲ့သည်။

တရုတ်နှင့်ကုန်သွယ်မှုတိုးတက်ရေးသည်အထူးသဖြင့်ဂျာမနီအတွက်အရေးကြီးသောကြောင့်မကြာသေးမီနှစ်များအထိဥရောပနိုင်ငံအများစုသည်တရုတ်အစိုးရနှင့်ယင်း၏ရည်မှန်းချက်များကိုလူသိရှင်ကြားဝေဖန်ခြင်းမပြုခဲ့ကြပေ။

ပဋိပက္ခဖြစ်ပွားချိန်တွင်အခြားနိုင်ငံများ၏အာကာသသို့ဝင်ရောက်ခွင့်ကို ပိတ်ပင်မည့် အားကောင်းသော ဂြိုဟ်တုတိုက်ဖျက်ရေးစွမ်းရည်တည်ဆောက်ရေးတရုတ်၏လှုပ်ရှားမှုများကို ၎င်းကဖော်ပြခဲ့သည်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required