တရုတ်အမျိုးသားညီလာခံ မတိုင်မီ တစ်ဦးချင်း သီးသန့်ခွဲခြားသည့်နေရာများ ပိုမိုထားရှိလာ

တရုတ်အမျိုးသားညီလာခံ မတိုင်မီ တစ်ဦးချင်း သီးသန့်ခွဲခြားသည့်နေရာများ ပိုမိုထားရှိလာ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက် အမျိုးသားညီလာခံမတိုင်မီ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အာဏာပိုင်များက ရှန်ဟိုင်းမြို့၌ တစ်ဦးချင်းစီ သီးသန့်ခွဲထားသည့် နေရာများကို ပိုမိုသတ်မှတ်ထားရှိလာသည်။

ရက်သတ္တပတ်ကြာ နိုင်ငံတော် အားလပ်ရက်များအတွင်း ရောဂါဖြစ်ပွားမှုများမြင့်တက်လာ ချိန်တွင် အောက်တိုဘာ၈ရက်က ကူးစက်မှုပေါင်း၁၈၇၈ခုအစီရင်ခံခဲ့ပြီး သြဂုတ်လ၂၀ရက်နောက်ပိုင်းတွင် ကူးစက်မှုအများဆုံးဖြစ်ကြောင်းInvestigative Journalism Reportika က ဖော်ပြခဲ့သည်။

တရုတ်ဘဏ္ဍာရေးအချက်အချာဖြစ်သောရှန်ဟိုင်းမြို့တွင်တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုများချမှတ်ခြင်းဖြင့် ကိုဗစ်-၁၉ဖြစ်ပွားမှုကိုထိန်းချုပ်ရန်ကြိုးပမ်းမှုများကိုအရှိန်မြှင့်လုပ်ဆောင်နေပြီး ရှန်ဟိုင်းတွင် လုပ်ဆောင်ချက်များသည် နိုင်ငံတွင်းရှိပြည်သူများ၏ဆင်းရဲဒုက္ခကိုပိုဆိုးလာစေသည်။

တင်းကျပ်သောအရေးယူဆောင်ရွက်မှုများသည်လူအများနှင့်လိုက်လျောညီထွေမဖြစ်ဘဲပြည်သူများကဒေါထ ထွက်လာကြသည်။

ရှန်ဟိုင်းတွင်ပြည်တွင်းကူးစက်မှုအသစ်၃၄ခုကိုထုတ်ပြန်ခဲ့ပြီး၃လနီးပါးအတွင်းအများဆုံးဖြစ်သည်။

ထို့ပြင်အထိတ်တလန့်နှင့်ကြောက်ရွံ့မှုများကြောင့်Weiboတွင်ရှန်ဟိုင်းပိတ်ဆို့ကန့်သတ်ချက်များကိုရှာဖွေခြင်း၊ဖတ်ရှုခြင်းနှင့်ဆွေးနွေးခြင်းများရုတ်ခြည်းမြင့်တက်လာခဲ့သည်။

ထို့ပြင် ရှန်ဟိုင်းတွင် စာနာမှုကင်းသည့်တစ်ယောက်တည်း ယာယီသီးသန့်ခွဲထားသည့် အသေးစားဇုန်များတွင် ကိုဗစ်-၁၉ကူးစက်ခံရသူများကိုနာရီပေါင်းများစွာတစ်ယောက်တည်းသီးသန့်ခွဲထားမှုကိုကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချနေကြကြောင်းInvestigative Journalism Reportikaကဖော်ပြခဲ့သည်။

တရုတ်တွင်အိုမီခရွန်မျိုးကွဲအသစ်BF.7နှင့်BA.5.1.7ကိုတွေ့ရှိခဲ့သည်။

တရုတ်ပြည်နယ်များတွင် BF.7မျိုးကွဲကို အောက်တိုဘာ၁၀ရက်က ပိုမိုတွေ့ရှိခဲ့ရသည်။ အလွန်ကူးစက်မြန်သောဗိုင်းရပ်စ်ကိုတရုတ်အနောက်မြောက်ပိုင်းတွင်ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required