တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံ အောက်တိုဘာ ၂၂ ရက်တွင်ပြီးဆုံးမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူပြော

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံ အောက်တိုဘာ ၂၂ ရက်တွင်ပြီးဆုံးမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူပြော

အာဏာရတရုတ်ကွန်မြူနစ်ပါတီသည် ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံကို အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တတစ်ပတ်ကြာ ကျင်းပသွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၅ ရက်တွင် ကြေညာသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက်အမျိုးသားညီလာခံသည် အောက်တိုဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ရှိ Great Hallပြည်သူ့ခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ကာ ၇ ရက်ကြာကျင်းပြီးနောက် အောက်တိုဘာ ၂၂ ရက်တွင် ပြီးဆုံးမည်ဟု ညီလာခံဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဆန်ယဲလီ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ညီလာခံအတွက် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ် ၂ ၂၉၆ ဦးကို အတည်ပြုရွေးချယ်ပြီးကြောင်း ဆန်ယဲလီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုယ်စားလှယ်များသည် ကွန်မြူနစ်ပါတီအဖွဲ့ဝင် ၉၆ သန်းနှင့် ပါတီအဖွဲ့အစည်းငယ်ပေါင်း ၄ ဒသမ ၉ သန်းကျော်ကိုယ်စား ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံသို့ တက်ရောက်ကြမည်ဖြစ်သည်ဟု ဆိုသည်။

ပါတီဥက္ကဋ္ဌ ရှီသည် မလွဲမသေ နောက် ၅ နှစ်သက်တမ်းတိုးလိမ့်မည်ဖြစ်ကြောင်း ဒေသတွင်းကျွမ်းကျင်သူများက ပြောသည်။

ရှီသည် ၁၉၈၂ ခုနှစ်နောက်ပိုင်း သုံးနှုန်းခြင်းမပြုတော့သည် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရဖွယ်ရှိပြီး တစ်ချိန်က မော်စီတုံးရယူခဲ့သည် အမြင့်ဆုံးရာထူးဖြစ်သည်။

တရုတ်သည် လတ်တလောနှစ်များအတွင်း နိုင်ငံတကာရေးရာကိစ္စများတွင် ဘေးအသင့်ဆုံးကာလ၌ အမျိုးသားညီလာခံကို ကျင်းပလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required