ပါကစ္စတန်တွင် အဟ်မဒီယာလူမျိုးစုဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို တိုက်ခိုက်ရန် အယူစွဲပြင်းထန်သော ဘာသာရေးခေါင်းဆောင် တိုက်တွန်း

ပါကစ္စတန်တွင် အဟ်မဒီယာလူမျိုးစုဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို တိုက်ခိုက်ရန် အယူစွဲပြင်းထန်သော ဘာသာရေးခေါင်းဆောင် တိုက်တွန်း

ပါကစ္စတန်နိုင်ငံတွင် အဟ်မဒီယာလူမျိုးစု၏ မျိုးဆက်သစ်ကလေးများ ထပ်မံ မွေးဖွားလာခြင်း မရှိစေရန် အဟ်မဒီယာလူမျိုးစုဝင် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို တိုက်ခိုက်ကြရမည် ဖြစ်ကြောင်း တားမြစ်ပိတ်ပင်ခံ အယူစွဲပြင်းထန်သော တီရစ်-အီ-လာဘိတ် ပါကစ္စတန် (TLP) ပါတီ၏ ဘာသာရေးခေါင်းဆောင်တစ်ဦးက ၎င်း၏ နောက်လိုက်များကို တိုက်တွန်းထားသည်။

အဟ်မဒီယာ မွတ်စလင်အစုအဖွဲ့ဝင် ကလေးများ ထပ်မံ မွေးဖွားမလာစေရန် ကိုယ်ဝန်ဆောင် အဟ်မဒီယာ အမျိုးသမီးများကို တိုက်ခိုက်ကြရန် TLP ဘာသာရေးခေါင်းဆောင် မိုဟာမက် နာအီးမ် ချတ်တာ ကာဒရီက ၎င်းအား ထောက်ခံသူများကို တိုက်တွန်းပြောကြားနေသည့် ဗီဒီယိုတစ်ခု လူမှုမီဒီယာပေါ် ရောက်ရှိခဲ့သည်။

“ဘာသာရေး စော်ကားသူတွေကို အပြစ်ပေးဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါက ခေါင်းဖြတ်တာပဲ ဖြစ်တယ်” ဟု ကာဒရီက ပြောသည်။

“တကယ်လို့ တိုက်ခိုက်မှုတွေ အထမမြောက်ဘူးဆိုရင်လည်း အဲဒီ မွေးလာတဲ့ ကလေးတွေကို သတ်ပစ်သင့်တယ်” ဟု ဘာသာရေးခေါင်းဆောင်က ပြောခဲ့ကြောင်း ဘာသာရေး လွတ်လပ်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Bitter Winter တွင် ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ပါကစ္စတန်တွင် TLP သည် ခရစ်ယာန်များနှင့် အဟ်မဒီယာများအပါအဝင် ဘာသာရေး လူနည်းစုများအပေါ် တိုက်ခိုက်မှုများအတွက် နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း ဘာသာတရားများဆိုင်ရာ အီတလီ လူမှုဗေဒ ပညာရှင် မက်ဆီမို အင်ထရိုဗင့်ဂ်က မဂ္ဂဇင်းတွင် ရေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required