တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက နိုင်ငံကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်နေ

တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက နိုင်ငံကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်နေ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အတင်းအကျပ်လိုက်နာရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများသည် တရုတ်အာဏာပိုင်များအတွက် စွဲလမ်းမှုတစ်ခုဖြစ်နေပြီး နိုင်ငံကို ထိခိုက်နစ်နာစေလျက်ရှိသည်။

ပြင်းထန်လွန်းသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်စီးပွားရေးကိုသာမက နိုင်ငံတကာကိုပါ နက်ရှိုင်းသော သက်ရောက်မှုများ ရှိနေသည်ဟု Geopolitica.info က ဖော်ပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပင်လျှင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်ပတ်သက်ပြီး တရုတ်ကို သတိပေးထားသည်။ WHO က အဆိုပါမူဝါဒသည် ရေရှည်တည်တံ့မည်မဟုတ်ကြောင်း မေ ၂၂ ရက်က ပြောခဲ့သည်။

“ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ အနာဂတ်မှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အရာတွေကို ထည့်သွင်း စဉ်းစားလိုက်ရင် ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာက ရေရှည်တည်တံ့မယ်လို့ မထင်ပါဘူး” ဟု WHO အကြီးအကဲ တက်ဒရော့စ်အက်ဒါနွမ်ဂေဘရီရယ်ဆွတ်က ပြောသည်။

ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် တရုတ်နိုင်ငံတွင် ကူးစက်မှုကို လျှော့ချရမည့်အစား အထူးသဖြင့် သက်ကြီးရွယ်အိုများအကြားတွင် ရောဂါကူးစက်မှုကို ခံနိုင်ရည်မဲ့စေသည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

အစွန်အဖျားဒေသများတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ မြန်မာနှင့်နယ်စပ်အနီးတွင် အသွားအလာ ပိတ်ဆို့မှုများ အမြဲလိုလို ချမှတ်ထားပြီး စီးပွားရေးသမားများသည် ထိုဒေသများမှ ရွှေ့ပြောင်းခဲ့ရသည်။

အသွားအလာပိတ်ဆို့မှုများကြောင့် အွန်လိုင်းပေါ်၌ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများနှင့် ကျန်းမာရေး လုပ်သားများနှင့် ရဲများနှင့် ထိပ်တိုက်ရန်တွေ့မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု Geopolitica.info ကဖော်ပြသည်။

တရုတ်အစိုးရသည် နိုင်ငံကို ဒုက္ခရောက်စေသည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လိုက်နာနေရသည့် အကြောင်းရင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလလယ်တွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံတွင် တတိယသက်တမ်း ရယူဖွယ်ရှိသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏အကျိုးအတွက် ၎င်းမူဝါဒသည် သဟဇာတဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required