ကွန်မြူနစ်ပါတီညီလာခံပြီးသော်လည်း တရုတ်က တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ရန်လိုသောသဘောထားကို ပြောင်းလဲဖွယ်မရှိ

ကွန်မြူနစ်ပါတီညီလာခံပြီးသော်လည်း တရုတ်က တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ရန်လိုသောသဘောထားကို ပြောင်းလဲဖွယ်မရှိ

တရုတ်ကွန်မြူနစ်ပါတီသည် အရေးပါဆုံး ညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် စတင် ကျင်းပတော့မည်ဖြစ်ကာရှီကျင့်ဖျင်သည် နိုင်ငံ့ခေါင်းဆောင်အဖြစ် နောက် ၅ နှစ်သက်တမ်းကို ထပ်မံရယူရန် စီစဉ်ထားသည်။

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သော တရုတ်မူဝါဒများမှာလည်း အပြောင်းအလဲများစွာ ရှိမည်မဟုတ်ဟု လေ့လာသူများက ပြောသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ဒေသတွင် တခြားနိုင်ငံများက တောင်းဆိုထားသော သန္တာကျောက်တန်းအများအပြားကို စစ်နယ်မြေဖြစ်အောင် လုပ်ဆောင်ခြင်းအပါအဝင် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ကြောင်းနှင့် အငြင်းပွားဖွယ် ရေပိုင်နက် သတ်မှတ်ချက် ၉ နေရာ (Nine-dash line)ဖြင့် ပင်လယ်ရေကြောင်းနယ်နိမိတ် ပိုင်းခြားသတ်မှတ်မှုတို့တွင် ပိုမိုအတင့်ရဲလာသည်။

ကမ်းရိုးတန်းစောင့်သင်္ဘောများက အကူအညီပေးနေသည့် တရုတ်ပိုင် ငါးဖမ်းသင်္ဘောကြီးများသည် ဒေသတွင်း ရေပြင်တွင် ခြေချင်းလိမ်နေပြီး အိမ်နီးချင်းနိုင်ငံများမှ ငါးဖမ်းသမားများကို ၎င်းတို့ မိရိုးဖလာငါးဖမ်းရေပိုင်နက်မှ မောင်းထုတ်နေကြောင်း စွပ်စွဲခံထားရသည်။

"ဆိုးရွားလာတဲ့ အကျပ်ကိုင်မှုနှင့် အန္တရာယ်တွေကို သည်းခံရတာက ရှီကျင့်ဖျင် မူဝါဒတွေရဲ့ အကျိုးဆက်တွေပါ" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) မှ အာရှပင်လယ်ရေကြောင်း ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (AMTI) မှ ဒါရိုက်တာ ဂရက်ပေါလင်းက ပြောကြားခဲ့သည်။

ရှီသည် ၂၀၁၃ ခုနှစ် မတ်လက ပထမဆုံး သမ္မတမိန့်ခွန်းတွင် တရုတ်နိုင်ငံအား ပြန်လည် အားဖြည့်ဆန်းသစ်ခြင်းဟူသော တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

အဆိုပါဆောင်ပုဒ်အရ တရုတ်သည် အမျိုးသားရေးစိတ်ဓာတ်ပိုမိုပြင်းထန်လာပြီး ခါတိုင်းထက် ရန်လိုလာကြောင်း ကမ္ဘာ့နိုင်ငံများက ရှုမြင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly