အနောက်အာရှနှင့် မြောက်အာဖရိကဒေသများ တရုတ်အကြွေးထောင်ချောက်ချေးငွေကို ချင့်ချိန်ရန် လိုအပ်

အနောက်အာရှနှင့် မြောက်အာဖရိကဒေသများ တရုတ်အကြွေးထောင်ချောက်ချေးငွေကို ချင့်ချိန်ရန် လိုအပ်

အနောက်အာရှနှင့် မြောက်အာဖရိကနိုင်ငံများသည် တရုတ်ကန်ထရိုက်များကို ငှားရမ်းသည့်အခါ သတိကြီးစွာဖြင့် လုပ်ဆောင်ရန်လိုအပ်ပြီး တရုတ်သည် ဒေသတွင်း၌ ခြေရာများ တိုးချဲ့ခြင်းဖြင့် အကြွေးထောင်ချောက်ထဲ တဖြည်းဖြည်း ကျရောက်စေလျက် အဆိုပါဒေသများကို စီးပွားရေးကိုလိုနီများအဖြစ်ပြောင်းမည့် မူဝါဒများကို ကျင့်သုံးနေသည်။

တရုတ်ချေးငွေအများစုမှာ နိုင်ငံရေးကဏ္ဍများနှင့် ငြိစွန်းနေသောကြောင့် သံသယဖြစ်စရာကောင်းသည်။

တရုတ်နိုင်ငံသည် ၎င်း၏နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုကို အသုံးချခြင်းဖြင့် အဆိုပါနိုင်ငံများတွင် အဓိကနည်းပညာပံ့ပိုးပေးသူဖြစ်လာကြောင်း Global Strat View က ဖော်ပြသည်။

အနောက်အာရှနှင့် မြောက်အာဖရိကနိုင်ငံများသည် အခြေခံအဆောက်အအုံ၊ လက်နက်ဝယ်ယူရေး၊ ရေနံရှာဖွေရေး၊ အာကာသသုတေသနနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တရုတ်နှင့် ပူးပေါင်းရန် စိတ်အားထက်သန်လျက်ရှိသည်။ အထူးသဖြင့် ၎င်းနိုင်ငံများတွင် တရုတ်ဘာသာ စကားလေ့လာခြင်းမှာလည်း ရေပန်းစားလာသည်။

မကြာသေးမီက တွေ့ရသော ဖွံ့ဖြိုးတိုးတက်မှုများစွာက တရုတ်နှင့် ၎င်းနိုင်ငံများအကြား

ပူးပေါင်းဆောင်ရွက်မှု တိုးတက်လျက်ရှိကြောင်း ပြသနေသည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံခြားရေးဝန်ကြီးများသည် စက်တင်ဘာ ၁၉ ရက်က နယူးယောက်၌ ကျင်းပသော ကုလသမဂ္ဂ၏ ၇၇ ကြိမ်မြောက် အထွေထွေ ညီလာခံ၏ သီးသန့်အစည်းအဝေးများ တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့သည်။

ဆော်ဒီအာရေဗျနှင့် တရုတ်တို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်နေပုံပေါ်သည်။ ဆော်ဒီအာရေဗျသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည်။

ထို့ပြင် ဆော်ဒီကျောင်းသားများအား တရုတ်ဘာသာစကား သင်ကြားရေး စနစ် အကောင်အထည် ဖော်မည့်အစီအစဉ်ကိုလည်း ဆွေးနွေးလျက်ရှိသည်။ တရုတ်သည် ဂျော်ဒန်နိုင်ငံရှိ Talal Abu Ghazaleh ကွန်ဖြူးရှပ်ကျောင်းမှတစ်ဆင့် တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပပေးသည်။

ကာတာတွင်လည်း တရုတ်အစိုးရပိုင် စစ်လက်နက်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ရောင်းချသည့် ကုမ္ပဏီ China Vanguard Industry Corporation (CVIC) သည် 'Project 1401' ကို အကောင်အထည်ဖော်ရာတွင် ကာတာစစ်တပ်အား ကူညီပေးလျက်ရှိသည်။ ထိုစီမံကိန်းအရ တရုတ်သည် ကာတာနိုင်ငံအား ဒုံးကျည်များ၊ အရန်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားရေးတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။

ထို့ပြင် CVIC သည် ကူဝိတ်ရေတပ်၏ တည်ဆောက်ဆဲ စစ်သင်္ဘောငယ်များတွင် ဒုံးကျည်များတပ်ဆင်ရေးအတွက် လေလံပွဲတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်ချေးငွေများသည် ငွေကြေးအင်အားနည်းသော နိုင်ငံများကို စီးပွားရေးချောက်ထဲ့သို့ မည်သို့ တွန်းပို့ခဲ့ကြောင်း အတိတ်သက်သေများ ထွက်ပေါ်လာချိန်တွင် ယခုသဘောတူညီများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ သီရိလင်္ကာနှင့် ပါကစ္စတန်တို့သည် တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်ခဲ့သော နောက်ဆုံး ဥပမာများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required