ဂျာမနီ၏ တရုတ်မူဝါဒသိမ်မွေ့လေးနက်သောအပြောင်းအလဲများကိုရင်ဆိုင်နေရ

ဂျာမနီ၏ တရုတ်မူဝါဒသိမ်မွေ့လေးနက်သောအပြောင်းအလဲများကိုရင်ဆိုင်နေရ

ဂျာမနီ၏တရုတ်မူဝါဒသည်သိမ်မွေ့လေးနက်သောအပြောင်းအလဲများကိုရင်ဆိုင်နေရပြီးနှစ်နိုင်ငံဆက်ဆံရေး၏အနာဂတ်မှာပိုမိုမရေရာမှုများဖြစ်ပေါ်စေခဲ့သည်။

၂၀၁၀ပြည့်နှစ်များကတည်းကဂျာမနီကတရုတ်မူဝါဒအပေါ်သိမ်မွေ့သောပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ ထို့ပြင်ဒေါ်နယ်ထရမ့်လက်ထက်အမေရိကန်အစိုးရနှင့်တရုတ်၏ "ကုန်သွယ်ရေးစစ်ပွဲ" ကတရုတ်အပေါ်ဂျာမနီ၏ထင်မြင်ချက်ကိုအကျိုးသက်ရောက်ခဲ့သည်ဟုCGTN ကဖော်ပြခဲ့သည်။

ဂျာမနီ၏တရုတ်မူဝါဒကိုပြည်တွင်းနှင့်နိုင်ငံတကာရှိအမျိုးမျိုးသောအကြောင်းတရားများကလွှမ်းမိုးထားသည်။

ပထမအချက်မှာဂျာမနီရှိမတူညီသောစက်မှုလုပ်ငန်းများနှင့်အကျိုးစီးပွားအုပ်စုများအကြားကစားပွဲဖြစ်သည်။

တရုတ်တွင်အကျိုးစီးပွားကြီးမားသော လုပ်ငန်းများနှင့်စက်မှုလုပ်ငန်းများသည် တရုတ်နှင့်ပတ်သက်ပြီး လက်တွေ့ကျသည့်မိတ်ဖက်ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

တရုတ်နှင့်စီးပွားရေးအရဆက်ဆံမှုမရှိသောလုပ်ငန်းများကပြိုင်ဆိုင်မှုနည်းပါးစေရန်တရုတ်ဈေးကွက်အားဂျာမနီ၏မှီခိုမှုကိုလျှော့ချရန်အကြံပြုထားကြောင်းCGTN ကဖော်ပြခဲ့သည်။

ဒုတိယအချက်မှာတရုတ်နှင့်ပတ်သက်ပြီးညွန့်ပေါင်းအစိုးရတွင်ကွဲပြားသောပါတီများပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။တရုတ်နှင့်ပတ်သက်ပြီးအာဏာရမိတ်ဖက်Green Party ၏အတွေးအခေါ် ရပ်တည်ချက်သည် ညွန့်ပေါင်းအစိုးရ၏သဘောထားကိုနက်နက်ရှိုင်းရှိုင်းလွှမ်းမိုးထားသည်။

တတိယအချက်မှာဥရောပသမဂ္ဂဖြစ်သည်။ဂျာမနီအဓိပတိရှိုးလတ်ဇ်အစိုးရကဥရောပသမဂ္ဂ၏ တရုတ်မူဝါဒဘောင်အတွင်းမှဂျာမနီ၏တရုတ်မဟာဗျူဟာကိုချမှတ်မည်ဟုရှင်းရှင်းလင်းလင်းပြောကြားထားသည်။

ထို့ပြင်တရုတ်-အမေရိကန်ပြိုင်ဆိုင်မှု၊ရုရှား-ယူကရိန်းပဋိပက္ခနှင့်တရုတ်နိုင်ငံခြားရေး မူဝါဒပြုပြင်ပြောင်းလဲမှုကဲ့သို့သော နိုင်ငံတကာနိုင်ငံရေးများကလည်း ဂျာမနီ၏တရုတ်မူဝါဒကိုလွှမ်းမိုးထားကြောင်းCGTN ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly