ဒဏ်ခတ်ပိတ်ဆို့မှုခံရသော ရုရှားအပေါ် မဟာဗျူဟာမြောက်အသာစီးရရန် ကာဂျစ်စတန်ရထားလမ်းပိုင်းကို တရုတ်တွန်းအားပေးဖော်ဆောင်

ဒဏ်ခတ်ပိတ်ဆို့မှုခံရသော ရုရှားအပေါ် မဟာဗျူဟာမြောက်အသာစီးရရန် ကာဂျစ်စတန်ရထားလမ်းပိုင်းကို တရုတ်တွန်းအားပေးဖော်ဆောင်

နှစ်ပေါင်းများစွာကြာပြီးနောက်တရုတ်ကကာဂျစ္စတန်ကိုအောင်မြင်စွာစည်းရုံးနိုင်ခဲ့ခြင်းကြောင့်တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် (CKU) ရထားလမ်းစီမံကိန်းသည် ပိတ်ဆို့အရေးယူမှုဒဏ်ခံနေရသော ရုရှားကိုကွေ့ရှောင်ကာ ဥရောပသို့တိုတောင်းသောလမ်းကြောင်းတစ်ခုတရုတ်အတွက်ဖြစ်လာဖွယ်ရှိနေသည်။

တရုတ်အနေဖြင့်ဗဟိုအာရှကိုဖြတ်ပြီးအရှေ့တောင်၊အနောက်အာရှနှင့်အရှေ့အလယ်ပိုင်းဈေးကွက်ကိုဝင်ရောက်နိုင်မည့်အပြင်ဗဟိုအာရှတွင်တရုတ်ကသြဇာလွှမ်းမိုးနိုင်စေကာအဆိုပါစီမံကိန်းသည်ရုရှားပိုင်နက်နယ်မြေတစ် လျှောက်တွင်ကုန်သွယ်မှုစီးဆင်းမှုကိုအပြောင်းအလဲဖြစ်စေမည်ဟုမျှော်လင့်ထားကြောင်း Geopolitica Info ကဖော်ပြခဲ့သည်။

ကီလိုမီတာ၂၈၀ရှည်လျားသောကာဂျစ္စတန်လမ်းပိုင်းအတွက်အမေရိကန်ဒေါ်လာ၄ဒသမ၁ဘီလီယံကုန်ကျမည်ဖြစ်ပြီးတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသို့မဟုတ်အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်ကြောင်း ကာဂျစ်သယ်ယူပို့ဆောင်ရေးဝန်ကြီးအိုဆိုယက်ဗ်ကဆိုသည်။

ထို့ပြင် CKU မီးရထားလမ်းဖောက်လုပ်မှုနှင့် တရုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကရုရှားပို့ကုန်များ အတွက်ပြိုင်ဆိုင်မှုဖြစ်ပေါ်စေနိုင်သည်။

ကာဂျစ္စတန်၏လက်ရှိကြွေးမြီမှာခန့်မှန်းခြေအားဖြင့်အမေရိကန်ဒေါ်လာ၄ဒသမ၈ဘီလီယံရှိသည့်အနက်အမေရိကန်ဒေါ်လာ၁ဒသမ၈ဘီလီယံခန့်မှာတရုတ်ကြွေးမြီဖြစ်ပြီးကာဂျစ္စတန်ပြည်သူ၁၉ရာခိုင်နှုန်းကသာစွမ်းအင်နှင့်အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများတွင်တရုတ်ရင်းနှီးမြှုပ်နှံမှုကိုထောက်ခံကြပြီး၃၁ရာခိုင်နှုန်းကပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းမကြာသေးမီကCentral Asia Barometer (CAB) စစ်တမ်းကို ကိုးကားပြီးGeopolitica Info ကဖော်ပြခဲ့သည်။

၂၀ဝ၄ခုနှစ်က တက်ချ်ခန်မြို့၌ကျင်းပခဲ့သောရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးတွင်တရုတ်ကအဖွဲ့ဝင်နိုင်ငံများအားချေးငွေအမေရိကန်ဒေါ်လာသန်း၉၀ဝခွဲဝေပေးမည်ဟု ကြေညာခဲ့သည်။

၂၀ဝ၉ခုနှစ်SCO ထိပ်သီးအစည်းအဝေးတွင် ယင်းပမာဏသည် အမေရိကန်ဒေါ်လာ၁၀ဘီလီယံအထိတိုးလာခဲ့သည်။ ထိုအချိန်မှစ၍ဗဟိုအာရှနိုင်ငံများသည်တရုတ်ထံမှဆက်လက်ချေးယူခဲ့ကြသည်။

တရုတ်ချေးငွေများသည်တိကျသောရည်မှန်းချက်များရှိပြီး၊တရုတ်ထုတ်ကုန်များအတွက်ဈေးကွက်ချဲ့ထွင်ရန်နှင့်ဓနဥစ္စာလွှဲပြောင်းခြင်းကိုခွင့်ပြုသည့်ထိုစီမံကိန်းများအတွက်သာတရုတ်အစိုးရကချေးငွေပေးသည်။

ဗဟိုအာရှတွင်ချေးငွေထုတ်ပေးသည့်တရုတ်ဘဏ်၃ခုမှာတရုတ်ပြည်သူ့ဘဏ်၊တရုတ်ပို့ကုန်-သွင်းကုန်ဘဏ်နှင့်တရုတ်ဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required