တရုတ်စီးပွားရေးကျဆင်းမှုကအားလပ်ရက်အသုံးစရိတ်ကိုလျော့ကျစေပြီး၇နှစ်အတွင်းအနိမ့်ဆုံးဖြစ်

တရုတ်စီးပွားရေးကျဆင်းမှုကအားလပ်ရက်အသုံးစရိတ်ကိုလျော့ကျစေပြီး၇နှစ်အတွင်းအနိမ့်ဆုံးဖြစ်

တရုတ်တွင် စားသုံးသူများ၏ ယုံကြည်မှုကိုဆက်လက်ကျဆင်းစေသည့် ကျရိပ်သန်းနေသော စီးပွားရေးအခြေအနေများဖြစ်ပေါ်နေချိန်တွင်ခရီးသွားခြင်းသို့မဟုတ်သုံးစွဲမှုကိုအားမပေးသည့်ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့်အားလပ်ရက်အသုံးစရိတ်သည်၇နှစ်အတွင်းအနိမ့်ဆုံးသို့ကျဆင်းသွားနေသည်။

အောက်တိုဘာ၁ရက်မှစတင်ခဲ့သည့်ရက်သတ္တပတ်ကြာအားလပ်ရက်အတွက်ခရီးသွားအသုံးစရိတ်သည်နှစ်အလိုက်နှိုင်းယှဉ်ပါက၂၆ရာခိုင်နှုန်းကျဆင်းသွားပြီးယွမ်၂၈၇ဒသမ၂ဘီလီယံ (အမေရိကန် ဒေါ်လာ၄၀ဒသမ၄ဘီလီယံ)သာရှိကြောင်း ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန၏ ကိန်းဂဏန်းများကဖော်ပြနေသည်။

ယင်းသည်၂၀၁၄ခုနှစ်နောက်ပိုင်းအနိမ့်ဆုံးဖြစ်ပြီးကပ်ရောဂါမတိုင်မီ၂၀၁၉ခုနှစ်ထက်ထက်ဝက်ကျော်လျော့နည်းသွားခဲ့ကြောင်းယခင်နှစ်များမှအစိုးရစာရင်းဇယားများကဖော်ပြနေကြောင်းCNN ကဆိုသည်။

အမျိုးသားနေ့အားလပ်ရက်သည်တရုတ်၏အရှည်ကြာဆုံးအစိုးရရုံးပိတ်ရက်များထဲမှတစ်ခုဖြစ်ပြီးအများအားဖြင့်ခရီးသွားခြင်းနှင့်အသုံးစရိတ်များအများအပြားသုံးစွဲသည့်အချိန်ဖြစ်သည်။

သို့သော်၂၀၂၂ခုနှစ်တွင်ဗိုင်းရပ်စ်ပြန်လည်ဖြစ်ပွားမှုနှင့်ကိုဗစ်ကန့်သတ်ချက်များကြောင့်ခရီးသွားလာမှုကိုတားမြစ်ခဲ့သည်။

လူကြိုက်များသောခရီးသွားနေရာအချို့အပါအဝင်မကြာသေးမီရက်သတ္တပတ်များအတွင်းပိတ်ဆို့အရေးယူမှုများ

နှင့်အခြားထိန်းချုပ်မှုအစီအမံများပိုမိုပြင်းထန်လာခဲ့သည်။

အဓိကအားဖြင့်တရုတ်အစိုးရ၏လက်ရှိချမှတ်ထားသောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်အိမ်ခြံမြေဈေးကွက်ကို ဆိုးရွားစွာထိခိုက်စေခဲ့သည့်စီးပွားရေးပြဿနာများကြောင့် ပြည်သူများ၏သုံးစွဲလိုစိတ်လည်း အားနည်းလာခဲ့ကြောင်း CNN ကဖော်ပြခဲ့သည်။

လက်ရှိအာဏာရကွန်မြူနစ်ပါတီကယင်း၏နိုင်ငံရေးပုံစံသည်အနောက်တိုင်းဒီမိုကရေစီနိုင်ငံများထက်သာလွန် ကြောင်းဖော်ပြရန်ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာကိုအသုံးပြုခဲ့ပြီးရှီသည်ယင်းမူဝါဒကိုနောက်ကွယ်မှအဓိကပံ့ပိုးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly