အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့ အပြစ်ရှိတဲ့ ပရိသတ်တွေကို တစ်သက်တာပိတ်ပင်မယ်လို့ လီဗာပူးလ် ကတိပြု

အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့ အပြစ်ရှိတဲ့ ပရိသတ်တွေကို တစ်သက်တာပိတ်ပင်မယ်လို့ လီဗာပူးလ် ကတိပြု
Photo: EPA

တနင်္ဂနွေနေ့က အန်းဖီးလ်မှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပက်ဂွာဒီယိုလာကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတဲ့ ပရိသတ်တွေကို တစ်သက်တာ ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ လီဗာပူးလ်အသင်းက ကတိပြုလိုက်ပါတယ်။

စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူဟာ ဒုတိယပိုင်းအတွင်း အသင်းရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့ပြီးနောက် လူစုလူဝေးကနေ အကြွေစေ့တွေနဲ့ ပစ်ပေါက်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာကို မည်သည့်အရာမှ ထိမှန်ခြင်းမရှိပေမယ့် မိုဟာမက်ဆာလာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ်က ဒီကိစ္စနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ဖွင့်ခဲ့ပါတယ်။

"ဒီနေ့ကစားတဲ့ပွဲမှာ နည်းစနစ်ဧရိယာထဲကို အရာဝတ္ထုတွေ ပစ်ချခံရတဲ့ အဖြစ်အပျက်ကို ကျနော်တို့တွေ သတိပြုမိပါတယ်" လို့ ကလပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါဟာ လုံးဝလက်မခံနိုင်တဲ့ အပြုအမူဖြစ်ပြီး အန်ဖီးလ်မှာ ကျနော်တို့ မျှော်လင့်ထားတဲ့ အပြုအမူစံနှုန်းတွေ မဟုတ်ပါဘူး။

"ဒီဖြစ်ရပ်ကို CCTV သုံးပြီး အပြည့်အဝ စုံစမ်းစစ်ဆေးမှာဖြစ်ပြီး အန်ဖီးလ်ကွင်းကနေ တစ်သက်တာ ပိတ်ပင်မှုနဲ့ ဖြစ်နိုင်ချေရှိတဲ့ ဘောလုံးပိတ်ပင်မှု အမိန့်အပါအဝင် အပြစ်ရှိကြောင်း တွေ့ရှိသူတွေကို အပြစ်ပေးမှာပါ။"

မကြာသေးခင်နှစ်တွေအတွင်း ကလပ်အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်လာကြောင့် အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ စီးတီးတို့ ပါဝင်တဲ့ ပွဲတွေမှာ လူစုလူဝေး ပြဿနာတက်တာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၁၈ ခုနှစ်က စီးတီးအသင်းဘတ်စ်ကားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မာဆေးဆိုက်ကွင်းကို ရောက်ရှိစဉ် ပုလင်းတွေ၊ တခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly