မာဆေးလ်ကို အနိုင်ရအပြီး ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူးလို့ အမ်ဘတ်ပီ အခိုင်အမာ ပြော

မာဆေးလ်ကို အနိုင်ရအပြီး ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူးလို့ အမ်ဘတ်ပီ အခိုင်အမာ ပြော

တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီက သူဟာ ဇန်နဝါရီလမှာ ပြင်သစ်မြို့တော်ကနေ ပြောင်းရွှေ့ချင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ ပီအက်စ်ဂျီကနေ "ထွက်ခွာဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူး"လို့ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ မေလက ကလပ်အသင်းနဲ့ သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပိုင်ရှင် အမ်ဘတ်ပီဟာ အရင်က ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုများစွာရှိခဲ့ဖူးသူဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မာဆေးလ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နေမာရဲ့အနိုင်ဂိုးကို ပံ့ပိုးခဲ့ပြီးနောက် အမ်ဘတ်ပီက “ကျနော် အရမ်းပျော်ပါတယ်”လို့ ပြောပါတယ်။

"ကျနော် ဇန်နဝါရီလမှာ ထွက်သွားဖို့ မတောင်းဆိုဖူးဘူး။"

အမ်ဘတ်ပီဟာ အင်္ဂါနေ့က ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ရဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီ ကလပ်ကနေ ထွက်ခွာလိုတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

"ပွဲကစားတဲ့နေ့မှာ ဒီအကြောင်းအရာဇာတ်လမ်းက ဘာကြောင့်ထွက်လာလဲဆိုတာ ကျနော် နားမလည်ခဲ့ပါဘူး။ ကျနော်လည်း လူတိုင်းလိုလို အံ့အားသင့်ခဲ့တယ်" လို့ အမ်ဘတ်ပီက ဆိုပါတယ်။

"လူတွေက ကျနော် ပါဝင်ပတ်သက်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လုံးဝမပါဝင်ခဲ့ဘူး။"

အမ်ဘတ်ပီက ဒီရာသီ အသင်းရဲ့ တိုက်စစ်မှာ သူရဲ့နေရာကို မနှစ်သက်ခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး သူဟာ နိုင်ငံလက်ရွေးစင်ပွဲစဉ်တွေမှာ ပိုမိုလွတ်လပ်စွာ ကစားတတ်လို့ ပြောပါတယ်။

ဒါပေမယ့် သူက ပါရီကနေ ထွက်ခွာချင်နေတာ အမှန်တရားမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုရင်း "ဒါဟာ လုံးဝလွဲမှားနေပါတယ်။ ကျနော်အရမ်းပျော်ပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly