ဂျပန်လူဦးရေ ငါးနှစ်အတွင်း တစ်သန်းနီးပါးကျုံ့သွား

ဂျပန်လူဦးရေ ငါးနှစ်အတွင်း တစ်သန်းနီးပါးကျုံ့သွား

တိုကျို၊ ဖေဖော်ဝါရီ ၂၇ ။           ။ ဂျပန်၏ သန်းကောင်စာရင်းသစ်များအရ နိုင်ငံ၏လူဦးရေမှာ လွန်ခဲ့သည့် ငါးနှစ်အတွင်း တစ်သန်းနီးပါးကျုံ့သွားခဲ့ပြီး ၁၉၂၀ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျဆင်းမှုဖြစ်သည်။

လွန်ခဲ့သည့်နှစ်အောက်တိုဘာလက ဂျပန်နိုင်ငံတွင် လူဦးရေ ၁၂၇ဒသမ၁သန်းရှိပြီး လွန်ခဲ့သည့်သန်းခေါင်စာရင်းဦးရေထက် ဝဒသမ၇ရာခိုင်နှုန်းပိုနည်းခဲ့သည်။ ဂျပန်၏ မွေးနှုန်းကျဆင်းမှုနှင့်   ရွှေ့ပြောင်းအခြေချသူ မရှိခြင်းကြောင့် လူဦးရေ လျော့ကျမည်ဟု ကျွမ်းကျင်သူများက ကာလကြာရှည်စွာကပင် ခန့်မှန်းထားသည်။ သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာ တိုးလာခြင်းကလည်း စီးပွားရေးတုံ့ဆိုင်းမှုကို ဖြစ်စေပြီး ကျန်းမာရေးအသုံးစရိတ်များ မြင့်မားမည်ကို စိုးရိမ်မှုများဖြစ်စေခဲ့သည်။

ယခုအခါဂျပန်တွင် ၂၀၁၀ပြည့်နှစ်က နောက်ဆုံးကောက်ယူခဲ့သော သန်းခေါင်စာရင်းထက် လူဦးရေ ၉၄၇,၀၀၀လျော့နည်းနေသည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

မြို့တော်တိုကျိုအပါအဝင် စီရင်စုရှစ်ခုတွင်သာ လူဦးရေတိုးတက်ခဲ့ပြီး ၁၁၅,၀၀၀ ဦးအထိ လူဦးရေအကြီးမားဆုံးကျဆင်းခဲ့သည့် ဖူကူရှီးမားအပါအဝင် ကျန်စီရင်စုနယ် ၃၉ခုစလုံး လူဦးရေကျဆင်းခဲ့သည်ဟု အဲန်အိတ်ချ်ကေရုပ်သံက ထုတ်လွှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly