ပါကစ္စတန်စစ်တပ်က နိုင်ငံရေးနှင့် ဝေးဝေးနေမည်ဟု ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါ ပြောကြား

By The News International
13 October 2022
ပါကစ္စတန်စစ်တပ်က နိုင်ငံရေးနှင့် ဝေးဝေးနေမည်ဟု ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါ ပြောကြား

ပါကစ္စတန်စစ်တပ်အနေဖြင့် နိုင်ငံရေးနှင့် ခပ်ကင်းကင်းရှိခဲ့သလို ရှေ့ကာလတွင်လည်း ထိုကဲ့သို့ပင် နိုင်ငံရေးနှင့် ဝေးဝေးနေလိုကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါက ပြောကြားလိုက်သည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဘာဂျ်ဝါသည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ ပါကစ္စတန်သံရုံး၌ နေ့လယ်စာ စားပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် အဆိုပါ မှတ်ချက်စကားကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံ၏ အကျပ်အတည်းဖြစ်နေသော စီးပွားရေးကို မူလအတိုင်း ပြန်ကောင်းလာစေရေးက လူ့အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ပါဝင်သူအားလုံး၏ အဓိက ဦးစားပေးကိစ္စ ဖြစ်သင့်ကြောင်း ဘာဂျ်ဝါက ဆက်လက်ပြောကြားသည်။

အားကောင်းသည့် စီးပွားရေးတစ်ခု မရှိဘဲ အခြားနိုင်ငံများအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို ပြည့်မီအောင်မြင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပါကစ္စတန်စစ်တပ်အကြီးအကဲက အလွတ်သဘော တွေ့ဆုံမှုတစ်ခုအတွင်း ပြောသည်။

အမေရိကန်သို့ ခရီးစဉ် သွားရောက်ခဲ့သည့် ပါကစ္စတန် စစ်တပ်အကြီးအကဲသည် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နှင့် တွေ့ဆုံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly