ပါကစ္စတန်တွင် အတင်းအဓမ္မ ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များပြားနေဟု ဘာလို့ချ် လူ့အခွင့်အရေးအဖွဲ့ ထုတ်ဖော်

By The Print
13 October 2022
ပါကစ္စတန်တွင် အတင်းအဓမ္မ ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များပြားနေဟု ဘာလို့ချ် လူ့အခွင့်အရေးအဖွဲ့ ထုတ်ဖော်

ပါကစ္စတန်နိုင်ငံတွင် အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ် မြင့်တက်နေသည်ဟု ဘာလို့ချ်မျိုးနွယ်စုဝင်များဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် ဘာလို့ချ် ပျောက်ဆုံးသူများ ထုတ်ဖော်သံအဖွဲ့၏ ဥက္ကဋ္ဌ နက်စ်ရူလာ ဘာလို့ချ်က ပြောသည်။

ဘာလိုချီစတန်ပြည်နယ်တွင် အတင်းအကျပ် ဖမ်းဆီးခံ ပျောက်ဆုံးမှု ဖြစ်စဉ်များ မြင့်တက်နေခဲ့သလို ပျောက်ဆုံးနေသူများကို ဥပဒေမဲ့ သတ်ဖြတ်မှုများလည်း ဆက်ရှိနေကြောင်း နက်စ်ရူလာ ဘာလို့ချ်က ပြောကြားခဲ့ကာ ထိုအရေးကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု ပါကစ္စတန် တိုင်းရင်းဘာသာမီဒီယာတစ်ခုဖြစ်သည့် Intekhab Daily က ဖော်ပြသည်။

ဘာလို့ချ် မျိုးနွယ်စုဝင်များသည် အီရန်နိုင်ငံတွင်လည်း အကြမ်းဖက်မှုနှင့် လူမဆန် ရက်စက်မှုများအတွက် ပစ်မှတ်ထားခံနေရသည်ဟု နက်စ်ရူလာက ပြောသည်။

“အီရန်မှာ ဘာလို့ချ် မျိုးနွယ်စုဝင် အများအပြား အသတ်ခံနေရတယ်။ အမျိုးသမီးတွေလည်း အမျိုးသားတွေလိုပဲ အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်ခံနေရတယ်။ အဲဒီဖြစ်စဉ် အားလုံးကို မိမိတို့ ရှုတ်ချတယ်” ဟု ၎င်းက ပြောသည်။

အပြစ်မဲ့ ဘာလို့ချ် မျိုးနွယ်စုဝင်များသည် တရား ဥပဒေမဲ့ သတ်ဖြတ်ခံနေရပြီး ၎င်းတို့၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းများကို ဝေးလံသော နေရာများတွင် ပြန်တွေ့ရသည် ဆိုပြီး သတင်းတချို့တွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required