ပေကျင်းမြို့၌ ရှားရှားပါးပါးပြုလုပ်သည့် ဆန္ဒပြ စာတန်းများ ဖယ်ရှားခံရ

By Straits Times
13 October 2022
ပေကျင်းမြို့၌ ရှားရှားပါးပါးပြုလုပ်သည့် ဆန္ဒပြ စာတန်းများ ဖယ်ရှားခံရ

တရုတ်နိုင်ငံ၌ ၅ နှစ်တစ်ကြိမ်ကျင်းပသော ကွန်မြူနစ်ပါတီညီလာခံမစတင်မီ ရက်ပိုင်းအလို၌ ပေကျင်းမြို့ရှိ ဂုံးတံတားပေါ်၌ ချိတ်ဆွဲထားသော တွေ့ရခဲသည့် နိုင်ငံရေးဆန္ဒပြနဖူးစည်းစာတန်းများကို အာဏာပိုင်များက ဖယ်ရှားခဲ့သော်လည်း အောက်တိုဘာ ၁၃ ရက်တွင် အဆိုပါဓာတ်ပုံများသည် လူမှုမီဒီယာပေါ်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံတွင် တားမြစ်တားသော Twitter ပေါ်၌ ပျံ့နှံ့လာသော ဓာတ်ပုံများနှင့် ဗီဒီယိုများအရ အဆိုပါနဖူးစည်းစာတန်းများတွင် သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ရေးနှင့် တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒများအဆုံးသတ်ရေး အပါအဝင် ကြွေးကြော်သံများစွာ ရေးသားထားသည်။

ပေကျင်းမြို့ အနောက်မြောက်ဘက်ရှိ ဟိုင်ဒီအန်းခရိုင်ရှိ စာတန်းများချိတ်ဆွဲထားသော ဂုံးတံတားပေါ်ရှိ လမ်းပေါ်မှ မီးခိုးများ ထွက်နေသည်ကိုလည်း တွေ့မြင်ရသည်။

နဖူးစည်းစာတန်းများတွင် “ငါတို့ ကိုဗစ်စမ်းသပ်မှုတွေ မလိုချင်ဘူး။ ငါတို့ စားသောက်ချင်တယ်။ ပိတ်ဆို့မှုတွေ မလိုချင်ဘူး။ လွတ်လပ်ချင်တယ်” ဟူသော စာသားများလည်း ပါဝင်သည်။

မကြာခဏ အသွားအလာပိတ်ဆို့မှုနှင့် စီးပွားရေးပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသော တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်မြို့ကြီးအများအပြားတွင် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဆန္ဒပြမှုဓာတ်ပုံများနှင့်အကြောင်းအရာများကို အင်တာနက် ဆင်ဆာဖြတ်တောက်ထားသော တရုတ်နိုင်ငံတွင် ရှာဖွေနိုင်မည်မဟုတ်ဘဲ တခြားသွယ်ဝိုက်သောကိုးကားချက်များဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။

အင်တာနက်အသုံးပြုသူတစ်ဦးက “ဒီနေ့ ပေကျင်းမှာ ရဲရင့်တဲ့လူတစ်ယောက် ပေါ်ထွက်ခဲ့တယ်” ဟု ရေးသားထားသော ပို့စ်ကို ကြိုက်နှစ်သက်သူအများအပြား ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required