တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် နိုင်ငံစုံကုမ္ပဏီအများအပြား စွန့်ခွာ

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် နိုင်ငံစုံကုမ္ပဏီအများအပြား စွန့်ခွာ

တရုတ်တွင်ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်ကြိုကြားကြိုကြားပိတ်ဆို့ကန့်သတ်မှုများက နိုင်ငံစုံကုမ္ပဏီများကို တရုတ်မှတစ်ခြားနိုင်ငံများသို့ပြောင်းရွှေ့စေခဲ့ကြောင်း ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည်ကြိုတင်ခန့်မှန်းရခက်မှု၊ယုံကြည်စိတ်ချရမှုနှင့်စွမ်းဆောင်ရည်နည်းပါးလာခြင်းကြောင့်နိုင်ငံစုံကုမ္ပဏီများသည်ယင်းတို့၏လုပ်ငန်းများကိုတရုတ်မှအခြားဈေးကွက်များသို့ပြောင်းရွှေ့ရန်စဉ်းစားနေကြောင်းဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းကစက်တင်ဘာလတွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းFinancial Post ကဖော်ပြခဲ့သည်။

ဥရောပကုန်သည်ကြီးများအသင်း၏စစ်တမ်းတစ်ခုအရအနောက်နိုင်ငံကုမ္ပဏီများ၏၅၀ရာခိုင်နှုန်းကတရုတ်တွင် စီးပွားရေးသည်အစောပိုင်းနှစ်များထက်၂၀၂၁ခုနှစ်တွင်နိုင်ငံရေးပိုဆန်လာကြောင်းဖော်ပြခဲ့သည်။

"တရုတ်တွင်ရင်းနှီးမြှုပ်နှံမှုများကိုခေတ္တရပ်ဆိုင်းကာယင်းတို့၏အနေအထားကိုပြန်လည်အကဲဖြတ်နေသည့်ဥရောပစီးပွားရေးလုပ်ငန်းအရေအတွက်သည်ပိုမိုများလာနေပြီးယင်းမသေချာမရေရာမှုမည်မျှကြာကြာဆက်လက်တည်ရှိနေဦးမည်ကိုစောင့်ဆိုင်းနေကြစဉ်အများအပြားကအနာဂတ်စီမံကိန်းများအတွက်အခြားနေရာများကို

ရှာဖွေနေ ကြသည်" ဟုဥရောပကုန်သည်ကြီးများအသင်း၏ဒုတိယဥက္ကဋ္ဌဘီဟန်ဇင်ကိုကိုးကား၍ Financial Times မှဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ်တွင်တရုတ်မှနိုင်ငံစုံကုမ္ပဏီများပြောင်းရွှေ့မှုသည်ယုံကြည်မှုကျဆင်းလာကြောင်းဖော်ပြနေသည်ဟုFinancial Post ကဖော်ပြခဲ့သည်။

တရုတ်တွင်Google Translate ဝန်ဆောင်မှုကိုအသုံးပြုမှုနည်းပါးခြင်းကြောင့် ပိတ်လိုက်ကြောင်း အမေရိကန်နည်းပညာ ကုမ္ပဏီကြီးGoogle က အောက်တိုဘာ ၃ရက်တွင်ကြေညာခဲ့ကြောင်း သတင်းများကဆိုသည်။

Google ၏ကြေညာချက်ကြောင့် တရုတ်မှထွက်ခွာသည့် ကုမ္ပဏီများစာရင်းတွင် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးလည်းပါဝင်လာခဲ့သည်။Amazon၊LinkedIn၊Yahoo နှင့်Microsoft တို့သည် တရုတ်မှ လုပ်ငန်းလည်ပတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။

၂၀၁၉ခုနှစ်တွင်Amazon သည်တရုတ်၏ဖွံဖြိုးလာသော အွန်လိုင်းစာအုပ်ဈေးကွက်၏ ၆၅ရာခိုင်နှုန်းကို ရရှိခဲ့သော်လည်း၂၀၂၂ခုနှစ်ဇွန်လတွင်Amazon က တရုတ်တွင် ဖွင့်လှစ်ထားသည့် အွန်လိုင်းစာအုပ်စတိုးကို ၂၀၂၃ခုနှစ်တွင်ပိတ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required