ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကြီးထွားလာမှုကိုတန်ပြန်ရန် အမေရိကန်ကြိုးပမ်း

ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကြီးထွားလာမှုကိုတန်ပြန်ရန် အမေရိကန်ကြိုးပမ်း

ပစိဖိတ်ဒေသတွင်တရုတ်၏ကြီးထွားလာနေသောသြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန်အမေရိကန်ကနည်းလမ်းပေါင်းစုံ ဖြင့် လုပ်ဆောင်နေပြီးပစိဖိတ်ဒေသနိုင်ငံများတွင်တရုတ်သြဇာလျှော့ချရန်ကြိုးပမ်းနေကြောင်းGlobal Strat View ကဖော်ပြလိုက်သည်။

မကြာသေးမီကအမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည်ပစိဖိတ်ကျွန်း၁၄နိုင်ငံနှင့်ထိပ်သီးအစည်းအဝေးတစ်ခုကျင်းပခဲ့ကာအမေရိကန်-ပစိဖိတ်မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ ကြေညာချက် ၁၁ချက်ကို ထုတ်ပြန်ခဲ့ပြီး ဒေသ၏ “ဒီမိုကရေစီထွန်းကားရေးအတွက်ဘုံရည်မှန်းချက်ကိုကြေညာခဲ့သည်။

" ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်မှု၊လုံခြုံရေး၊ လူမှုပေါင်းစည်းမှုနှင့် သာယာဝပြောရေးတို့အတွက် ကြံ့ကြံ့ခံနိုင်သည့်ပစိဖိတ်ဒေသဖြစ်ရေးဘုံရည်မှန်းချက်ကိုမျှဝေထားပြီးယင်းတွင်လူတစ်ဦးချင်းစီ၏ရည်မှန်းချက် များပြည့်မီရေး၊ပတ်ဝန်းကျင်သာယာဝပြောရေး၊ဒီမိုကရေစီထွန်းကားရေးတို့ပါဝင်သည်" ဟုအမေရိကန်-ပစိဖိတ်မိတ်ဖက်များ၏ကြေညာချက်တွင်ဖော်ပြထားသည်။

အမေရိကန်ကပစိဖိတ်ဒေသနှင့်သံတမန်ဆက်ဆံရေးကိုအရှိန်မြင့်လုပ်ဆောင်လာခြင်းသည်ဒေသတွင်းတွင်တရုတ်၏သြဇာကြီးမားလာမှုကိုစိုးရိမ်မှုများကြောင့်ဖြစ်သည်။

“အမေရိကန်နဲ့ကမ္ဘာကြီးရဲ့လုံခြုံရေးကပွင့်ပွင့်လင်းလင်းပြောရရင်ခင်ဗျားတို့ရဲ့လုံခြုံရေးနဲ့ပစိဖိတ်ကျွန်းစုတွေရဲ့လုံခြုံရေးအပေါ်မှာမူတည်ပါတယ်”ဟုထိပ်သီးစည်းဝေးပွဲအတွင်းအမေရိကန်သမ္မတကပြောကြားခဲ့သည်။

အစောပိုင်းတွင်အမေရိကန်သည်ပစိဖိတ်နိုင်ငံများနှင့်ဆက်ဆံရေးကိုအားကောင်းအောင်လုပ်ဆောင်ရာတွင်ယခု လောက် တက်ကြွမှုမရှိခဲ့ကြောင်းကမ္ဘာလုံးဆိုင်ရာပညာရှင်အဖွဲ့ဖြစ်သည့်RAND ကော်ပိုရေးရှင်းမှ ဆန်းစစ်လေ့လာသူဒီရတ်ဂရော့မန်းကိုကိုးကား၍Global Strat View ကဖော်ပြခဲ့သည်။

အထူးသဖြင့်ဒေသတွင်းတွင်တရုတ်၏သြဇာလွှမ်းမိုးမှုကျယ်ပြန့်လာပြီးနောက်တွင်အမေရိကန်ကအမြင်ပြောင်းလဲလာကြောင်းယခုနောက်ဆုံးထိပ်သီးအစည်းအဝေးကဖော်ပြနေသည်။

ပစိဖိတ်ကျွန်းနိုင်ငံများသည်'ပစိဖိတ်မိတ်ဖက်ဆက်ဆံရေးမဟာဗျူဟာအရအမေရိကန်ဒေါ်လာ၈၁၀သန်းခန့်ရန်ပုံငွေရရှိမည်ဖြစ်ကြောင်း ဘိုင်ဒင်ကကြေညာခဲ့သည်။

ပစိဖိတ်ဒေသတွင်အမေရိကန်၏သြဇာလွှမ်းမိုးမှုခိုင်မာစေရန်အသေးစားအဆင့်တွင်လုပ်ဆောင်နေရာတွင်ငွေကြေးရင်းနှီးမြှုပ်နှံမှုများ၊ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ရဲသင်တန်းများ၊ကိုဗစ်အကူအညီနှင့်ရာသီဥတုဆိုင်ရာပံ့ပိုးကူညီမှုတို့ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required