အာဖရိကနိုင်ငံသားများက တရုတ်ကုမ္ပဏီများ၏ ခေါင်းပုံဖြတ်မှုကို ဆန့်ကျင်လာ

အာဖရိကနိုင်ငံသားများက တရုတ်ကုမ္ပဏီများ၏ ခေါင်းပုံဖြတ်မှုကို ဆန့်ကျင်လာ

တရုတ်ကုမ္ပဏီများ၏ ခေါင်းပုံဖြတ်မှုနှင့် အာဖရိကတွင် တရုတ်၏လုံခြုံရေးအရ လွှမ်းမိုးလာသည့်အနေအထား ကြောင့်ဒေသခံများက တရုတ်ကို တဖြည်းဖြည်းဆန့်ကျင်လာကြသည်။

ယင်းကုမ္ပဏီများအားအာဖရိကနိုင်ငံသားအများစုကလွတ်လပ်သောအဖွဲ့အစည်းများအဖြစ်မရှုမြင်ကြဘဲ တရုတ်အစိုးရ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြကြောင်းGeo-politikသတင်းတွင်ဖော်ပြထားသည်။

အာဖရိကနိုင်ငံများတွင်အလုပ်လုပ်နေသောတရုတ်ကုမ္ပဏီများ၏ထူးခြားချက်မှာတရုတ်လုံခြုံရေးယန္တရားနှင့် တရုတ်မှဝန်ထမ်းများကိုအ သုံးပြုခြင်းဖြစ်သည်။

တရုတ်အေဂျင်စီများမှဆောက်လုပ်ရေးလုပ်ငန်းသို့မဟုတ်အခြားစီမံကိန်းနေရာများတွင်ဝန်ထမ်းနှင့်လုံခြုံရေး ပစ္စည်းများကိုသာ အသုံးပြုခြင်းများပါဝင်သည်။

တရုတ်လုပ်ငန်းများအရှိန်အဟုန်ဖြင့်ကြီးထွားလာနေပြီးအာဖရိကတွင်တရုတ်ကုမ္ပဏီ ပေါင်း တစ်သောင်းကျော်နှင့်တရုတ်နိုင်ငံသားတစ်သန်းခန့်ရှိကြောင်း ခန့်မှန်းချက်အချို့တွင် ဖော်ပြထားသည်။

ပင်လယ်ရေကြောင်းလုံခြုံရေး၊ယင်းကုမ္ပဏီများ၏ပိုင်ဆိုင်မှုများနှင့်နိုင်ငံသားများ၏လုံခြုံရေးအတွက် တရုတ်လုံခြုံရေး ကုမ္ပဏီများက တာဝန်ယူထားသည်။

ယင်းအလေ့အထသည်ကိုလိုနီနယ်များတွင်ဖြန့်ကျက်ရန်ကုမ္ပဏီများကပုဂ္ဂလိကတပ်များကိုပံ့ပိုးပေးသည့် ကိုလိုနီခေတ်အယူဝါဒများနှင့်အခြေခံတူသည်ဟုGeo-politikကဖော်ပြခဲ့သည်။

တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကိုအာဖရိကတွင်စတင်ဖော်ဆောင်ချိန်မှစ၍ တရုတ်လုံခြုံရေးဝန်ဆောင်မှု ဈေးကွက်သည် သိသိသာသာ တိုးတက်လာခဲ့သည်။

အာဖရိကတွင်ခါးတပ်လမ်းရပ်ဝန်းစီမံကိန်းကိုမစတင်မီက အာဖရိက၌ လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများသည် လက်နက်ကိုင်ပြည်သူ့စစ်များကိုအသုံးပြုခဲ့ပုံရကြောင်းGeo-politikကဖော်ပြခဲ့သည်။

၂၀၁၈ခုနှစ်တွင်တရုတ်လုံခြုံရေးကန်ထရိုက်တာ၂ဦးသည်ဒေသတွင်းလုံခြုံရေးကုမ္ပဏီတစ်ခုအား တရားမဝင်လေ့ကျင့်သင်ကြားမှု၊စစ်ဝတ်စုံများနှင့်စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးမှုတို့ဖြင့် ဇမ်ဘီယာတွင် ဖမ်းဆီးခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required