ထိုင်ဝမ်ကို တရုတ်၏အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်ပြုလုပ်ရန် အီလွန်မတ်၏အကြံပြုချက်ကို ပြစ်တင်ရှုတ်ချ

ထိုင်ဝမ်ကို တရုတ်၏အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်ပြုလုပ်ရန် အီလွန်မတ်၏အကြံပြုချက်ကို ပြစ်တင်ရှုတ်ချ

ထိုင်ဝမ်ကိုတရုတ်၏အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်ပြုလုပ်ရန်Tesla Inc. အမှုဆောင်အရာရှိချုပ် အီလွန်မတ်၏ အကြံပြုချက်ကိုတရုတ်နှင့်ထိုင်ဝမ်တို့ကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ကြသည်။

အီလွန်မတ်၏မှတ်ချက်သည်နိုင်ငံတော်၏အချုပ်အခြာအာဏာကိုထိပါးရုံသာမက ဒီမိုကရေစီကိုထိခိုက်စေ ကြောင်း ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဟွမ်ချိုက်လင်းက အောက်တိုဘာ၈ရက်က ပြောကြားခဲ့သည်ဟု Taiwan News သတင်းတွင်ဖော်ပြထားသည်။

" တရုတ်၏ထိုင်ဝမ်အရေးကိုဆွေးနွေးရာတွင်မတ်သည်စည်းလွတ်ဘောင်လွတ်ဖြစ်သွား၊ နိုင်ငံခြားရေးဌာနက တုံ့ပြန်" ဟုခေါင်းစဉ်တပ်ထားသည့်ဆောင်းပါးကိုတရုတ်အစိုးရပိုင်Central Television News မှဖော်ပြခဲ့သည်။

အီလွန်မတ်၏ "မသင့်လျော်သောပြောကြားချက်" နှင့်ပတ်သက်သည့်မေးခွန်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကပြုလုပ်သည့်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောရေးဆိုခွင့်ရှိသူမော်နင်းကပြန်လည် ဖြေကြားခဲ့ကြောင်းအဆိုပါဆောင်းပါးတွင်ဖော်ပြခဲ့သည်။

"ထိုင်ဝမ်ပြဿနာကတရုတ်ရဲ့ပြည်တွင်းရေးဖြစ်ပါတယ်" ဟုမော်ကဖြေကြားခဲ့သည်။

တရုတ်က“နိုင်ငံခြားအင်အားစုများ၏ဝင်ရောက်စွက်ဖက်မှုကိုပြတ်ပြတ်သားသားနှိမ်နင်းမည်”ဟု တရုတ်ဝါဒဖြန့်ချိရေးအတွက်မကြာခဏသုံးနှုန်းလေ့ရှိသည့်အသုံးအနှုန်းကကြေညာချက်တွင်မတ်ခ်ကိုရည်ညွှန်း ဖော်ပြထားပုံပေါ်သည်ဟု Taiwan News သတင်းတွင်ဖော်ပြသည်။

မတ်သည်တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏အပြုအမှုမှားများကိုပြစ်တင်ရှုတ်ချခြင်းမရှိသော်လည်း ထိုင်ဝမ်လွတ်လပ်ရေးကိုစတေးပြီးအာဏာရှင်များ၏အကန့်အသတ်မဲ့ရည်မှန်းချက်များကိုလုံးဝလျစ်လျူရှုကာရန်လိုသူ၏ခြိမ်းခြောက်မှုကိုအားပေးသည်ဟု ဟွမ်ကပြောကြားခဲ့သည်။

အောက်တိုဘာ၇ရက်က Financial Times နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက တရုတ်၏အမာခံပရိသတ်ဖြစ်ကြောင်းဝန်ခံခဲ့သည်။

"ကျိုးကြောင်းညီညွတ်သောအနေအထားဖြင့်ထိုင်ဝမ်အတွက်အထူးအုပ်ချုပ်ခွင့်ရဒေသပေးခြင်း"နှင့် "ဟောင်ကောင်ထက် ပိုမိုလွတ်လပ်ခွင့်ပေးသင့်ကြောင်း" ကို၎င်းကအကြံပြုခဲ့သည်။

အဆိုပါကြေညာချက်ကြောင့်ထိုင်ဝမ်တွင်ဒေါသထွက်ခဲ့ကြပြီး၊ထိုင်ဝမ်မှဒီမိုကရက်တစ်တိုးတက်ရေးပါတီ၊ကူမင်တန်၊စွမ်းအားသစ်ပါတီနှင့်ထိုင်ဝမ်ပြည်သူ့ပါတီများအပါအဝင်အဓိကနိုင်ငံရေးပါတီများမှနိုင်ငံရေးသမားများက မတ်၏ မှတ်ချက်ကိုရှုတ်ချသည့်ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း Taiwan News သတင်းကဖော်ပြခဲ့သည်။

တရုတ်တွင်မတ်ကစီးပွားရေးအကျိုးစီးပွားများနှင့်အကျိုးအမြတ်များရှိနေခြင်းကြောင့်ရေလက်ကြားဖြတ်ကျော် ရေးကိစ္စများကိုခံစားချက်ဖြင့်ဖော်ပြနေခြင်းဖြစ်ကြောင်းအများစုကယူဆကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly