လာလီဂါမှာ ဘာစီလိုနာဟာ 'အံ့မခန်းဖွယ်' ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ သတိပေး

လာလီဂါမှာ ဘာစီလိုနာဟာ 'အံ့မခန်းဖွယ်' ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ သတိပေး

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရပေမယ့်လည်း သူတို့ဟာ လာလီဂါမှာ "အံ့မခန်းဖွယ်" ဖြစ်ကြောင်း သူ့အသင်းကို သတိပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ ဗုဒ္ဓဟူးနေ့က အင်တာမီလန်နဲ့ အိမ်ကွင်းမှာ ၃-၃ သရေကျပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ရဖွယ်ရှိပေမယ့် ရှုံးပွဲမရှိ အမြင့်ပျံလာလီဂါဦးဆောင်သူအဖြစ် တနင်္ဂနွေနေ့ ကလက်ဆီကို ကို ဆန်တီယာဂိုဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းဟာ တစ်ရာသီလုံး လာလီဂါမှာ တစ်ဂိုးသာ ပေးခဲ့ရပြီး ရီးယဲလ်မက်ဒရစ်ကို ဂိုးကွာခြားချက်ဖြင့် ဦးဆောင်ထားကာ နှစ်သင်းစလုံးက အမှတ်ပေးဇယားထိပ်မှာ ၂၂ မှတ်နဲ့ ဦးဆောင်ထားပါတယ်။

"သူတို့ရဲ့ပထမဆုံးပွဲသရေကျအပြီး လာလီဂါမှာ သူတို့ပွဲအားလုံးကို အနိုင်ရရှိတဲ့အသင်းတစ်သင်းကို ကျနော်တို့ စောင့်ကြည့်နေပါတယ်၊ သူတို့က လိဂ်မှာ အရမ်းကောင်းတဲ့ပုံစံရှိပါတယ်။"လို့ အန်ဆယ်လော့တီက စနေနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ပြိုင်ပွဲစပြီးကတည်းက သူတို့ ကောင်းကောင်းအလုပ်လုပ်ခဲ့ပြီးပါပြီ။ သူတို့ဟာ ချန်ပီယံလိဂ်မှာ ပြဿနာတွေ တွေ့ခဲ့ပါတယ်၊ ဒီပြိုင်ပွဲမှာ ဖြစ်လေ့ဖြစ်ရှိတယ်။ ဒါပေမယ့် လာလီဂါမှာတော့ သူတို့ဟာ အံ့မခန်းပါပဲ။"

ပြီးခဲ့တဲ့ရာသီက ဆန်တီယာဂို ဘာနေဗျူးမှာ ဘာစီလိုနာကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြက တိုက်စစ်မှူး ကာရင်ဘင်ဇီမာမပါနိုင်ခဲ့လို့ လူကာမိုဒရစ်နဲ့ false nine ပုံစံ ပြောင်းကစားစေခဲ့တာကို နည်းပြက အမှတ်ရနေပါတယ်။

အန်ဆယ်လော့တီက “ကျနော် မနှစ်က တစ်ခုခုကို ဖန်တီးဖို့ ကြိုးစားခဲ့တာ အမှန်ပါပဲ၊ ဒီ့အတွက် ကျနော် တန်ဖိုးပေးလိုက်ရပါတယ်။"လို့ အန်ဆယ်လော့တီက ဆိုပါတယ်။

"ပြီးခဲ့တဲ့နှစ် ပွဲက ကျနော်တို့ကို သက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး၊ အခုက နောက်ထပ်ရာသီတစ်ခု၊ ကလက်စီကိုပါ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမယ့် ဒီပွဲကို ကစားဖို့ ကျနော်တို့တွေ မျှော်လင့်နေပါတယ်။"

အန်တိုနီယိုရူဒီဂါက အကာအကွယ်မျက်နှာဖုံးဝတ်ဆင်ကာ ကစားနိုင်ချိန်မှာ ဂိုးသမား ကော်တိုရစ်ဟာ နောက်ကျော ဝေဒနာခံစားရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် ကလက်စီကိုမှာ ပါဝင်မှာမဟုတ်ဘူးလို့ အန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။

ဂျာမန်နောက်ခံလူဟာ ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်နဲ့ပွဲမှာ မျက်နှာဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ပြီး သူဟာ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားနဲ့ ခေါင်းချင်းဆိုင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly