တရုတ်က ၂၀ ကြိမ်မြောက် ပါတီညီလာခံမတိုင်မီ ပြည်တွင်းဝါဒဖြန့်မှုကို အရှိန်မြှင့်

By Tibet Rights Collective
12 October 2022
တရုတ်က ၂၀ ကြိမ်မြောက် ပါတီညီလာခံမတိုင်မီ ပြည်တွင်းဝါဒဖြန့်မှုကို အရှိန်မြှင့်

ပေကျင်းမြို့၌ ယခုနှစ် ဇန်နဝါရီလလအတွင်းက နိုင်ငံ၏ ဝါဒဖြန့်ဝန်ကြီးများအစည်းအဝေးကျင်းပချိန်တွင် တရုတ်နိုင်ငံ၌ ကောင်းစွာ စီမံချက်ချထားသော ဝါဒဖြန့်လှုပ်ရှားမှုကြီးကို စီစဉ်နေခဲ့ကြောင်း ကမ္ဘာ့နိုင်ငံများက သိခဲ့ကြသည်။

ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ဝမ်ဟန် တင်နှင့် ဗဟိုဝါဒဖြန့်ချိရေးဌာန အကြီးအကဲ ဟွမ်ကန်မင်းတို့သည် ယခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ပါတီ၏ ၂၀ ကြိမ်မြောက်ကွန်ဂရက်မတိုင်မီဝါဒဖြန့်လှုပ်ရှားမှုအားလုံး၏ အခြေခံအုတ်မြစ်အဖြစ် ရှီ၏ အတွေးအခေါ်ကို အသုံးပြုရန် ညွှန်ကြားခဲ့သည်။

ယခုတစ်ကြိမ်သည် ၁၉ ကြိမ်မြောက်ပါတီကွန်ဂရက် မတိုင်မီက လုပ်ဆောင်ခဲ့မှုနှင့်နှိုင်းယှဉ်ပါက အချိန်ပိုစောသည်။ ပြီးခဲ့သည့် အကြိမ်က ဝါဒဖြန့်လှုပ်ရှားမှုများကို မေလဝန်းကျင်တွင် စတင်ခဲ့သော်လည်း ယခုနှစ်တွင် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့သည်။

တရုတ်ပြည်တွင်းရော ပြည်ပ၌ပါတရုတ်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ပုံဖော်ရန် အနည်းငယ်ကြိုးပမ်းမှုအဖြစ် ၂၀ ကြိမ်မြောက်ပါတီကွန်ဂရက်အပေါ် ပြည်သူများ၏အမြင်ကိုတောင်းခံရန် အက်ပလီကေးရှင်းအပါအဝင် ပလက်ဖောင်းအမျိုးမျိုးကို တီထွင်ထားသည်။

အများသိစေရန်ရည်ရွယ်သော ပညာရေးနှင့် သတင်းစာရှင်းလင်းပွဲများကိုတရုတ်၏ ဒီမိုကရေစီအထောက်အထားများကို အလေးထားဖော်ပြရန် ကျင်းပလျက်ရှိသည်။

ယင်းဝါဒဖြင့်လှုပ်ရှားမှုများ၏ အတိုင်းအတာသည် အံအားသင့်စရာတော့မဟုတ်ပေ။ ယခုအချိန်တွင် ရှီ၏အောင်မြင်မှုများကို ပုံကြီးချဲ့ရန်နှင့် ပြည်သူနှင့်တရင်းတနှီးရှိကြောင်းပြသရန်ထက် အရေးကြီးသောအရာမရှိပေ။

ရည်ရွယ်ချက်မှာ ရှီသည် တတိယသမ္မတသက်တမ်း အတည်ပြုမည့် ပါတီကွန်ဂရက်မတိုင်မီတွင် အရှိန်အဟုန်ရယူရန်ဖြစ်သည်။

တရုတ်အစိုးရသည် အခြားတစ်ဖက်တွင် သဘောထားကွဲလွဲသူများကို နှုတ်ဆိတ်သွားစေရန် အကြိတ်အနယ်ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံ့ဆိုက်ဘာစီမံခန့်ခွဲရေးအဖွဲ့သည် ဆိုရှယ်မီဒီယာအကောင့်ပေါင်း ၁ ဒသမ ၃၄ ဘီလီယံကို ပိတ်ပစ်ခဲ့ပြီး ပို့စ်ပေါင်း ၂၂ သန်းကို ဖျက်ချခဲ့သည်။ ပို့စ်အများစုမှာ အာဏာရအစိုးရကို ဆန့်ကျင်သော အကြောင်းအရာများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly