ကျနော် မဖြေရှင်းနိုင်ဘူးလို့ မြင်တဲ့နေ့ ဘာကာကနေ ထွက်ခွာသွားမှာပါ - ဇာဗီ

ကျနော် မဖြေရှင်းနိုင်ဘူးလို့ မြင်တဲ့နေ့ ဘာကာကနေ ထွက်ခွာသွားမှာပါ - ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က သူဟာ အသင်းကို တိုးတက်အောင် မကူညီနိုင်ဘူးလို့ ခံစားရရင် သူ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောပါတယ်။

ကက်တလန်အသင်းဟာ ဗုဒ္ဓဟူးနေ့က အင်တာမီလန်နဲ့ သရေကျပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ဖို့ နီးစပ်နေပြီး နွေရာသီအသုံးစရိတ်တွေ ကြီးကြီးမားမားရှိနေပေမယ့် ဒီတပတ် တနင်္ဂနွေနေ့ ကလက်စီကို မတိုင်ခင်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

"ဖိအားတွေ အများကြီး၊ ဝေဖန်မှုတွေ အများကြီးရှိနေတယ်ဆိုတာ ကျနော် သိပါတယ်၊ ဒါက ဘာကာပါ" လို့ ဇာဗီက စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျနော် အလုပ်မလုပ်ဘဲ မကြိုးစားဘဲ နေနေမှာ မဟုတ်ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို မသေချာတဲ့နေ့  ထွက်ခွာမှာပါ။ ဘာစီလိုနာအတွက် ကျနော် ပြဿနာဖြစ်မှာ မဟုတ်ပါဘူး၊ ကျနော် မဖြေရှင်းနိုင်ဘူးလို့ မြင်တဲ့နေ့ပေါ့။"

လာလီဂါဦးဆောင်နေတဲ့ ဇာဗီရဲ့ အသင်းဟာ ချန်ပီယံ ရီးယဲလ်မက်ဒရစ်ကို ပြီးခဲ့တဲ့ ရာသီက ဆန်တီယာဂို ဘာနေဗျူးမှာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနွေရာသီမှာ ကစားသမားသစ်တွေ ရောက်ရှိလာပြီးနောက် သူ့ရဲ့အသင်းကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်းနဲ့ သူတို့ဟာ လမ်းကြောင်းမှန်ကို ဦးတည်နေတယ်လို့ နည်းပြက အခိုင်အမာပြောခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ပွဲဖြစ်သလို မက်ဒရစ်အတွက်ရောပေါ့၊ လိဂ် ဦးဆောင်သူအဖြစ် ဘယ်သူ ထွက်ပေါ်မလဲဆိုတာ ကြည့်ကြရတာပေါ့ဗျာ" လို့ ဇာဗီက ပြောပါတယ်။

"(ကျနော်တို့ရဲ့) ပရောဂျက်ဟာ တည်ဆောက်ဆဲလို့ ကျနော် မြင်တယ်။ ဥရောပမှာ ကျရှုံးတာက ဝမ်းနည်းစရာကောင်းပေမယ့် ကျနော်တို့တွေဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျနော်တို့ဟာ လာလီဂါမှာ အထူးကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နေပါတယ်။

"ကျနော်တို့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ထားပြီး ကောက်ချက်ဆွဲဖို့ စောလွန်းပါတယ်။ ကျနော်တို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ အောင်မြင်မှုအတွက် တခြား လမ်းကြောင်းကို ကျနော်မသိပါဘူး။"

ဂျူးလ်စ် ကွန်ဒယ်ဟာ ရာနှုန်းပြည့်လေ့ကျင့်ခန်းဆင်းနေတယ်လို့ ဇာဗီက အတည်ပြုပြီးနောက် ဘာစီလိုနာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူကို ရရှိမှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly