အမေရိကန်၏ တားမြစ်ကန့်သတ်ချက်များကြောင့် တရုတ်ချစ်ပ်လုပ်ငန်း အခက်ကြုံ

အမေရိကန်၏ တားမြစ်ကန့်သတ်ချက်များကြောင့် တရုတ်ချစ်ပ်လုပ်ငန်း အခက်ကြုံ

တရုတ်သို့ချစ်ပ်ပြားများနှင့်ချစ်ပ်ထုတ်လုပ်သည့် စက်ပစ္စည်းများရောင်းချခြင်းနှင့်ပတ်သက်သည့် အမေရိကန်၏ တားမြစ်ပိတ်ပင်မှုများ၏ကျယ်ပြန့်သောအကျိုးသက်ရောက်များကိုကမ္ဘာတစ်ဝန်းရှိကုမ္ပဏီများကဒဏ်ခံနေရ သည်။

စည်းမျဉ်းစည်းကမ်းများကချစ်ပ်ရှယ်ယာများကိုထိခိုက်စေခဲ့သဖြင့်Philadelphia Semiconductor Index သည်အောက်တိုဘာ၇ရက်စတော့ပိတ်ချိန်တွင်၆ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့သည်။

အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများထုတ်လုပ်သည့်Lam Research Corp (LRCX.O)၊Applied Materials Inc (AMAT.O) နှင့်KLA Corp (KLAC.O) တို့သည်၄ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။

Applied Materials ကစည်းမျဉ်းအသစ်များကိုအကဲဖြတ်နေကြောင်းပြောကြားခဲ့သော်လည်းLam နှင့်KLA တို့ကမှတ်ချက်ပေးရန်တောင်းဆိုချက်များကိုချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

တောင်ကိုရီးယားမှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်သူSK Hynix Inc (000660.KS) က တရုတ်တွင်ယင်း၏စက်ရုံများကိုဆက်လက်လည်ပတ်နိုင်ရန်စက်ပစ္စည်းများအတွက်အမေရိကန်ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းအသစ်အရလိုင်စင်ကိုလျှောက်ထားရယူသွားမည်ဟုအောက်တိုဘာ၇ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်တာဝန်ရှိသူများကတရုတ်သို့အမေရိကန်ထုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးစက်ပစ္စည်းအချို့တင်ပို့မှုကိုကန့်သတ်သည့်စည်းမျဉ်းစည်းကမ်းများကိုအောက်တိုဘာ၇ရက်တွင်ထုတ်ပြန်ခဲ့သော်လည်းလိုင်စင်ရယူရေးအတွက်အမေရိကန်နှင့်ယင်း၏မဟာမိတ်ကုမ္ပဏီများကိုကင်းလွတ်ခွင့်များပေးထားသည်။

"SK Hynix သည် အမေရိကန်အစိုးရ၏လိုင်စင်ရရှိရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ပြီး ယင်းအတွက်ကိုရီးယားအစိုးရနှင့် အနီးကပ်လက်တွဲဆောင်ရွက်သွားမည်" ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"နိုင်ငံတကာအစီအစဉ်ကိုလိုက်နာရင်းနဲ့တရုတ်မှာကျွန်တော်တို့ရဲ့ထုတ်လုပ်ရေးစက်ရုံတွေကိုချောမွေ့စွာလည် ပတ်ရန်လည်းအဆင်သင့်ဖြစ်နေပါပြီ"

တရုတ် "စူပါကွန်ပျူတာ" စနစ်များတွင် အသုံးပြုရန် ချစ်ပ်မျိုးစုံကို ရောင်းချခြင်းမပြုရန် အမေရိကန်တာဝန်ရှိသူများက အောက်တိုဘာ၇ရက်တွင်စည်းမျဉ်းများထုတ်ပြန်ခဲ့သည်။

စူပါကွန်ပျူတာများကိုနျူလက်နက်များနှင့်အခြားစစ်ဘက်ဆိုင်ရာနည်းပညာများတီထွင်ထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly