တိဗက်သည် ရှင်သန်ရေးအတွက် အရေးကြီးသောကာလကို ဖြတ်သန်းနေရကြောင်း အမေရိကန်ထိပ်တန်း သံတမန်ပြောကြား

တိဗက်သည် ရှင်သန်ရေးအတွက် အရေးကြီးသောကာလကို ဖြတ်သန်းနေရကြောင်း အမေရိကန်ထိပ်တန်း သံတမန်ပြောကြား

ဒေသတွင်းတွင်ကျင့်သုံးနေသည့်တရုတ်၏မူဝါဒများသည်တိဗက်၏အမျိုးသားရေးလက္ခဏာကိုခြိမ်းခြောက်နေ ခြင်းကြောင့်ယင်း၏ထူးခြားသောဘာသာရေး၊ယဉ်ကျေးမှုနှင့်ဘာသာစကားအမွေအနှစ်များရှင်သန်မှုအတွက် တိဗက်သည်“အရေးကြီးသောကာလ”ကိုဖြတ်သန်းနေရသည်ဟုအမေရိကန်ထိပ်တန်းသံတမန်တစ်ဦးကအောက်တိုဘာ၄ရက်တွင်ပြောကြားလိုက်သည်။

“တရုတ်အာဏာပိုင်တွေကတိဗက်အသိုက်အဝန်းအပေါ်ဖိနှိပ်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာတွင်ယခုသီတင်းပတ်အတွင်းကျင်းပသည့်အစည်းအဝေး၏ဘေးပန်းအစည်းအဝေးတွင် တိဗက်ပြဿနာများဆိုင်ရာ အမေရိကန်အထူးညှိနှိုင်းရေးမှူးကအူဇရက်ဇီယျက ပြောကြားလိုက်သည်။

အိန္ဒိယတွင်အဝေးရောက်တိဗက်ဘာသာရေးခေါင်းဆောင်အဖြစ်နေထိုင်နေသည့်အသက်၈၇နှစ်အရွယ်ရှိ ဒလိုင်းလားမားကွယ်လွန်ချိန်တွင် ရုပ်သေးခေါင်းဆောင် ဒလိုင်းလားမားတစ်ဦးကို တရုတ်အစိုးရက ရွေးချယ်ခန့်အပ်ကာတိဗက်ကိုတရုတ်ကအပြည့်အဝသိမ်းပိုက်ရေးကိုတရုတ်အစိုးရကလုပ်ဆောင်နေကြောင်းဇီယျကပြောကြားခဲ့သည်။ . တိဗက်အတွက်နိုင်ငံတကာထောက်ခံမှုကိုချေဖျက်ရန်နှင့်တရုတ်တွင်နေထိုင်သောတိဗက်၆သန်းအားအတင်းအကျပ်'တရုတ်ဇာတ်သွင်းခြင်း' ကိုအပြီးသတ်ရေးအတွက် ယင်းပူးပေါင်းလုပ်ဆောင်ချက်သည် အရေးကြီးသည်ဟု တရုတ်အစိုးရကရှုမြင်သည်" ဟုအမေရိကန်သံတမန်ကထပ်လောင်းပြောကြားခဲ့သည်။

“အရိုက်အရာဆက်ခံရေးလုပ်ငန်းစဉ်ကတရုတ်ထိန်းချုပ်မှုနယ်နိမိတ်အပြင်ဘက်ကိုရောက်သွားရင်တရုတ်အာဏာပိုင်တွေကရက်ရက်စက်စက်ပြုလုပ်ဖို့လဲဝန်မလေးပါဘူး”ဟုဇီယျကပြောကြားခဲ့ပြီး၁၉၉၅ခုနှစ်တွင်အရေးပါသည့်နောက်ထပ်တိဗက်ဘာသာရေးခေါင်းဆောင်ဖြစ်သည့်ကလေးအရွယ်ရှိသေးသည့်၁၁ဆက်မြောက်ပန်ချန်လားမားကိုတရုတ်ကပြန်ပေးဆွဲသွားခဲ့ကာတရုတ်သြဇာခံတစ်ဦးကိုအစားထိုးရွေးချယ်ခဲ့သည်။

တရုတ်ကတိဗက်ဘာသာရေးခေါင်းဆောင်၏အရိုက်အရာဆက်ခံသူကိုရွေးချယ်ခွင့်ရှိကြောင်းပြောကြားခြင်းနှင့် တိဗက်ဒေသနှင့်ကမ္ဘာတစ်ဝန်းရှိတိဗက်လူမျိုးများကဒလိုင်းလားမားကိုဆက်ခံမည့်သူအားရွေးချယ်ကြမည့်ကိစ္စ သည် သဘောထားကွဲလွဲမှု၏ အဓိကအချက်ဖြစ်သည်။

တိဗက်အစဉ်အလာအရသက်ကြီးဝါရင့်ရဟန်းတော်များသည်သေဆုံးပြီးနောက်ကလေးငယ်အဖြစ်လူပြန်ဝင်စားသည်ဟုဆိုကြသည်။

ဒလိုင်းလားမားက၎င်းကိုဆက်ခံမည့်သူသည်တရုတ်ထိန်းချုပ်မှုမရှိသည့်နိုင်ငံတွင်မွေးဖွားဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တိဗက်ဗုဒ္ဓဘာသာကိုတရုတ်ရဲ့စွက်ဖက်မှုကတရုတ်နယ်နိမိတ်ကိုကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုတွေရှိပါတယ်”ဟုဇီယျကဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required