ဝယ်လိုအားနည်းခြင်းကြောင့် တရုတ်မော်တော်ကားအရောင်းကျဆင်း

ဝယ်လိုအားနည်းခြင်းကြောင့် တရုတ်မော်တော်ကားအရောင်းကျဆင်း

တရုတ်မော်တော်ကားများ၂၀၂၂ခုနှစ်နှစ်ကုန်ပိုင်းတွင်ဝယ်လိုအားပိုများလာမည်ဖြစ်ကြောင်းစက်မှုလုပ်ငန်းတာဝန်ရှိသူများကခန့်မှန်းထားပြီး ပြည်တွင်းထုတ် မော်တော်ကားဈေးကွက်ကို ပြန်လည် အသက်သွင်းရန် အစိုးရကမက်လုံးများပေးနေသော်လည်း လျှပ်စစ်ကားများ (EV) ရောင်းချမှုတိုးတက်နှုန်းသည် ၅လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

တရုတ်မော်တော်ကားထုတ်လုပ်သူများအဖွဲ့ (CAAM)၏ လက်ထောက်အင်ဂျင်နီယာချုပ် ရှီဟိုင်တုန်ကသုံးစွဲသူများသည် မက်လုံးပေးမှုအစီအစဉ် မကုန်ဆုံးမီ ကားအလျင်စလိုဝယ်ယူနိုင်မှုကြောင့် စတုတ္ထသုံးလပတ်တွင်ဝယ်လိုအားကောင်းလာနိုင်ကြောင်းပြောကြားခဲ့သည်။

ခရီးသည်တင်ကားများ၊ဘတ်စ်ကားများနှင့်ကုန်တင်ကားများအပါအဝင်ပိုမိုကျယ်ပြန့်သောမော်တော်ကားရောင်းချမှုကိုခြေရာခံသည့် CAAM ကအစိုးရက အဆိုပါမက်လုံးပေးသည့် အစီအစဉ်ကို၂၀၂၃ခုနှစ်အထိ သက်တမ်းတိုးမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ဝယ်လိုအားကျဆင်းသွားမှုကြောင့်ပြိုင်ဆိုင်မှုပြင်းထန်လာပြီးဇူလိုင်လမှစတင်၍စက်မှုလုပ်ငန်းတစ်ခုလုံးကားသိုလှောင်မှုမြင့်မားလာခြင်းကြောင့် EV များအပါအဝင်ကားများကိုဈေးလျော့ရောင်းချလာနိုင်ကြောင်း တရုတ်နိုင်ငံတကာ ကုန်သည်များ ဘဏ်မှဆန်းစစ်လေ့လာသူရှစ်ကျီကပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင်ကိုဗစ်-၁၉နှင့်ဆက်နွှယ်သော တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုများကြောင့် ၂၀၂၂ခုနှစ်အစောပိုင်းတွင် ထုတ်လုပ်မှုနှင့်ပို့ဆောင်မှုများ အခက်ကြုံခဲ့ရပြီး သမားရိုးကျဓာတ်ဆီကားများကို လျှပ်စစ်ကားများနှင့် လှဲလှယ်မှုကိုအားပေးရန် တရုတ်အစိုးရကမက်လုံးများကမ်းလှမ်းခဲ့ခြင်းကြောင့် မေလနှင့်ဇူလိုင်လအတွင်းလျှပ်စစ်ကားသစ်ရောင်းအား၂ဆတိုးခဲ့သည်။

သို့သော်မကြာသေးမီကကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့်ပိတ်ဆို့ကန့်သတ်မှုအသစ်များချမှတ်ခဲ့ ခြင်းနှင့်စီးပွားရေးအားနည်းလာခြင်းကြောင့်ကားဝယ်လိုအားယခုအခါကျဆင်းလာခဲ့သည်။

တရုတ်အလုံးစုံမော်တော်ယာဉ်ရောင်းချမှုတိုးတက်မှုသည်မေ၊ဇူလိုင်လနှင့်နှိုင်းယှဉ်ပါကကျဆင်းခဲ့ပြီးစက်တင်ဘာလတွင်ကားအစီးရေ၂ဒသမ၆၁သန်းသာရောင်းချရသဖြင့်၂၅ဒသမ၇ရာခိုင်နှုန်းသာတိုးတက်ခဲ့သည်။

"ပြန်လည်နာလန်ထမှုကကျွန်တော်တို့မျှော်မှန်းထားတာထက်များစွာလျော့နည်းနေပါတယ်။ဈေးကွက်ကခြုံပြီးကြည့်လိုက်ရင်အလုံးစုံအားနည်းနေပါသေးတယ်" ဟုတရုတ်ခရီးသည်ကားအဖွဲ့ (CPCA) မှ အထွေထွေအတွင်းရေးမှူး ချူတုန်စူးကပြောကြားခဲ့သည်။

နိုင်ငံခြားအမှတ်တံဆိပ်ကားများလည်းဝယ်လိုအားနည်းနေသည်ဟု၎င်းကဆက်လက်ပြောသည်။မော်တော်ကားများလက်လီရောင်းချမှုကိုအာရုံစိုက်သည့်CPCA ကစက်တင်ဘာလတွင်တရုတ်၏ခရီးသည်တင်ကားရောင်းချမှုသည်၂၀၂၁ခုနှစ်ကထက်၁ဒသမ၉၅သန်းသာရှိခဲ့ပြီး၂၁ဒသမ၂ရာခိုင်နှုန်းသာတိုးတက်ခဲ့ကြောင်းအောက်တိုဘာ၁၁ရက်အစောပိုင်းတွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required