ဂိုးပေါက်ပျောက်နေခြင်းကို အဖြေရှာနေသည်ဟု အာစင်ဝင်းဂါးပြော

ဂိုးပေါက်ပျောက်နေခြင်းကို အဖြေရှာနေသည်ဟု အာစင်ဝင်းဂါးပြော

ဖေဖော်ဝါရီ ၂၇၊ လန်ဒန် ။            ။ နောက်ဆုံးရှစ်ပွဲတွင် ခြောက်ဂိုးသာသွင်းနိုင်ခဲ့သောကြောင့် အာဆင်နယ်အသင်း၏ ဂိုးပေါက်ပျောက်နေမှုပြဿနာကို အဖြေရှာရန်ကြိုးစားနေ သည်ဟု နည်းပြ အာစင်ဝင်းဂါးက ဝန်ခံသည်။

ဇန်နဝါရီလယ်တွင် လီဗာပူးလ်အသင်းနှင့် သုံးဂိုးစီသရေကျပြီးနောက်ပိုင်းကစားသည့်ရှစ်ပွဲတွင် အာဆင်နယ်အသင်းသည် ဂိုးမသွင်းနိုင်သည့်ပွဲ ငါးပွဲထိရှိခဲ့သည်။

ယင်းရှစ်ပွဲစလုံးတွင် ဂျရူးကဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ ဝဲလ်ကော့တ်နှင့် ဆန်းချက်ဇ်တို့မှာ တစ်ဂိုးစီသာသွင်းယူနိုင်ခဲ့ကြသည်။ အသင်းအနေဖြင့် တိုက်စစ်ဂိုးပေါက်ပျောက်နေခြင်းကိုဖြေရှင်းရန်နှင့် ၂၀၁၄-၁၅ တွင်အသင်းအတွက်ဂိုးအများဆုံးသွင်းပေးခဲ့သည့် ဆန်းချက်ဇ်ကို အကူအညီ ပေးနိုင်ရန် အာစင်ဝင်းဂါးက မျှော်လင့်နေသည်။

"ဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲရောက်နေတဲ့ သွင်းဂိုးနည်းတဲ့ပြဿနာကို အဖြေရှာတွေဖို့မျှော်လင့်ပါတယ်။ ဂိုးတွေခမ်းခြောက်နေတာကို ကျွန်တော်တို့အဖြေရှာရမယ်။ တစ်ဦးချင်း အရည်အချင်းနဲ့တော့ မဆိုင်ပါဘူး။ ပြီးခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်။ လေ့လာသုံးသပ်တာတွေလုပ်နေပါ တယ်။ မြန်မြန်အဖြေရှာရမယ်"ဟု မန်ယူနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အာစင်ဝင်းဂါးက ပြော သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly