မာဆေးလ်နဲ့ ရင်ဆိုင်ဖို့ မက်ဆီ အဆင်သင့်ဖြစ်နေပြီလို့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာ ပြော

မာဆေးလ်နဲ့ ရင်ဆိုင်ဖို့ မက်ဆီ အဆင်သင့်ဖြစ်နေပြီလို့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာ ပြော

ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂယ်တီယာက လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့မှာ မာဆေးလ်နဲ့ ဒါဘီပွဲမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝမယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

မက်ဆီဟာ ခြေသလုံးဒဏ်ရာကြောင့် မကြာသေးခင်က လီဂူး-ဝမ်းမှာ ရန်းစ်၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်တို့မှာ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာပါ။ 

ပြင်သစ်ချန်ပီယံဟာ တနင်္ဂနွေနေ့ မှာပြိုင်ဘက် မာဆေးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝဖို့ မျှော်လင့်ထားပြီး ဂယ်လီယာက သူ့ရဲ့အခြေအနေအပေါ် အကောင်းမြင်နေပါတယ်။

"လီယိုက ဒီမနက်မှာ ပုံမှန်အတိုင်း အဖွဲ့နဲ့ လေ့ကျင့်ခဲ့ပါတယ်"လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

"သူက session တစ်ခုလုံးကို ပြုလုပ်ခဲ့ပြီး လေ့ကျင့်ခန်းအပြီး သူ ဘယ်လိုခံစားရမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ပြီးတော့ မနက်ဖြန်မနက်အထိ စောင့်မယ်။ နက်ဖြန်မနက်မှာ သူ လေ့ကျင့်ခန်းအစီအစဉ်မှာ ပုံမှန်အတိုင်း ပါဝင်မှာ ဖြစ်တယ်။ ကျနော်ပြောသလိုပဲ၊ လီယိုက အဆင်သင့်ဖြစ်နေပြီ။"

မက်ဆီဟာ ဒီရာသီမှာ ဂယ်တီယာအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုများစွာ ပြုလုပ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly