တရုတ်ကို အကြွေးများစွာပေးရန် ရှိနေချိန်တွင် လာအို၏စီးပွားရေးအကျပ်အတည်း ဆိုးရွားလာ

တရုတ်ကို အကြွေးများစွာပေးရန် ရှိနေချိန်တွင် လာအို၏စီးပွားရေးအကျပ်အတည်း ဆိုးရွားလာ

လာအို၏ များပြားလာသောကြွေးမြီအကျပ်အတည်းသည် နိုင်ငံ့စီးပွားရေးကျဆင်းသွားစေရန် တွန်းပို့နေသလို ကြွေးမြီဆပ်ရန် ပျက်ကွက်တော့မည့်အခြေအနေဖြစ်နေကြောင်း ကျွမ်းကျင်သူများက ယူဆထားကြသည်။

လာအို၏ နိုင်ငံခြားအရန်ငွေ နည်းပါးလာခြင်းကြောင့် ကြွေးမြီဆပ်ရေး ပျက်ကွက်ရန် နီးစပ်လာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။

လာအိုသည် အခြေခံအဆောက်အအုံစီမံကိန်းများ ရင်းနှီးမြှုပ်နှံသော တရုတ်ထံကို နိုင်ငံခြားကြွေးမြီ၏ ထက်ဝက်ကျော်ခန့် ပေးဆပ်ရန် ရှိနေသည်။

တရုတ်နိုင်ငံသည် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လူသိရှင်ကြား အာမခံပေးထားသည့် အကြွေးများနှင့် ရထားလိုင်းများကဲ့သို့သော စီမံကိန်းများအတွက် ချေးငွေပေးထားသည်။ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ချေးငွေအများစုမှာ တရုတ်ဖွံ့ဖြိုးရေးဘဏ် (CDB) နှင့် တရုတ်ပို့ကုန်-သွင်းကုန်ဘဏ် (Exim) ဘဏ်တို့ဖြစ်သည်။

လာအို၏ ကြွေးမြီအကျပ်အတည်းကို ဆွေးနွေးရာတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်၌ Exim Bankအားဖြင့် ပံ့ပိုးသော လာအို-တရုတ်ရထားလမ်းစီမံကိန်းက အဓိကပါဝင်သည်။ ဆောက်လုပ်ရေးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ (၂၀၁၇ ခုနှစ် လာအိုဂျီဒီပီ၏ ၃ ပုံ ၁ ပုံ) ကို လာအိုနှင့်တရုတ်အကြား ၃၀/၇၀ အချိုးဖြင့် မျှခံသော်လည်း ကုန်ကျစရိတ်မြင့်မားခြင်းသည် အန္တရာယ်ရှိသည်။

လာအိုအစိုးရသည် မဲခေါင်ဒေသနှင့် တရုတ်နိုင်ငံအကြား ပို့ကုန်နှင့် သယ်ယူပို့ဆောင်ရေး ဂိတ်ပေါက်တစ်ခုအဖြစ် ရထားလိုင်းကို အကောင်းမြင်နေသော်လည်း ရထားလမ်းသည် လာမည့်နှစ်များတွင် အကျိုးအမြတ်မရနိုင်တော့ကြောင်း ၂၀၂၀ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်အင်စတီကျု (ADBI) စာတမ်းကို ကိုးကား၍ Financial Post က ဖော်ပြခဲ့သည်။

လာအိုသည် နိုင်ငံခြားကြွေးမြီ၏ ထက်ဝက်ခန့်ကို တရုတ်စီးပွားရေးလုပ်ငန်းများထံ ပေးရန်ရှိနေကာ အစိုးရသည် ကြွေးမြီသဘောတူညီချက်အချို့ကို ပြန်လည်ပြင်ဆင်ရေးအတွက် တရုတ်နှင့် တိုက်ရိုက်ညှိနှိုင်းနေပုံရသည်။ သို့သော်လည်း ဤလုပ်ငန်းစဉ်သည် ရေတိုတွင်သာ အခြေအနေပေးမည်ဖြစ်ကာနိုင်ငံ၏စီးပွားရေးစိန်ခေါ်မှုများသည် အဆုံးသတ်ရန်အလှမ်းဝေးနေကြောင်း Financial Post က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly