တရုတ်က လာမည့် ၅ နှစ်အတွက် အကြီးမားဆုံးဖြစ်သည့် နိုင်ငံရေး အခမ်းအနားတစ်ခုကို ကျင်းပတော့မည်

တရုတ်က လာမည့် ၅ နှစ်အတွက် အကြီးမားဆုံးဖြစ်သည့် နိုင်ငံရေး အခမ်းအနားတစ်ခုကို ကျင်းပတော့မည်

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး နိုင်ငံရေးဆိုင်ရာအခမ်းအနားဖြစ်သလို လာမည့် ၅ နှစ်အတွက် အရေးပါသည့် ညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံကို ကျင်းပရာတွင် ပါတီဥက္ကဋ္ဌ ရှီကျင့်ဖျင်က နောက်ထပ် ၅ နှစ် အာဏာယူလိမ့်မည်ဖြစ်သည်။

သူ့အနေဖြင့် CCP ၏ အတွင်းရေးမှူးချုပ်နှင့် ပါတီ၏ ဥက္ကဋ္ဌ အဖြစ် အသစ်ပြန်လည် ရွေးချယ်ခံမည်ဖြစ်သည်။ တစ်ချိန်က အမြင့်ဆုံးရာထူးဖြစ်သည့် ပါတီ၏ ဥက္ကဋ္ဌရာထူးနေရာကို မော်စီတုန်းက ရယူထားခဲ့သည်။

မကြာသေးမီနှစ်များမှစ၍ နိုင်ငံတကာအရေးကိစ္စများတွင် ပြဿနာများ ဖြစ်ပွားနေချိန်၌ ယခုညီလာခံကို ကျင်းပရခြင်းဖြစ်သည်။ သမ္မတပူတင်က ရုရှားနိုင်ငံ၏ မဟာခေါင်းဆောင်ကြီးတစ်ခုဖြစ်လာရန် ကြိုးပမ်းခြင်း ကြောင့် ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့သည်။ တရုတ်ကလည်း သူ့ကို ဆက်လက်၍ အခိုင်အမာ ထောက်ခံနေဆဲ ဖြစ်သည်။

တရုတ်ကလည်း ထိုင်ဝမ်ကို လိုအပ်သလို အဓမ္မပုံသွင်းရန် လုပ်ဆောင်နေခြင်းကြောင့် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုမှာလည်း ဆယ်စုနှစ်ကာလများအတွင်း အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

တရုတ်နှင့် အမေရိကန်တို့အကြား သံတမန်ရေးအရ မပြေလည်မှုများရှိနေသလို ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများနှင့် ကိုဗစ်-၁၉ ကို တရုတ်က အလန့်တကြား ကိုင်တွယ်ထိန်းချုပ်နေသည်။

သူရဲကောင်း ကိုးကွယ်မှုကို အလွန်မျှော်လင့်သည့် သမ္မတရှီသည် သူ၏ အစိုးရအတွင်း အရာရာ တည်ငြိမ်အေးချမ်းနေသယောင် ဟန်ဆောင်လိမ့်မည်။

ကွန်မြူနစ်ပါတီ၏ ထိပ်ဆုံးနေရာတွင် ယူထားပြီး လာမည့် ၅ နှစ်နှင့် နောက်ပိုင်းကာလများတွင် သူ၏ မျှော်လင့်ချက်များအား အကောင်အထည်ဖော်ရန် သူ့ကို ဩဇာခံသူများကို ထိပ်တန်းရာထူးနေရာများအား ပေးလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် CCP ၏ အကြိမ် ၂၀ မြောက် ညီလာခံသည် တရုတ်အတွက်သာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီးသည့် အစည်းအဝေးဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required