တရုတ်ကမ်းခြေစောင့်တပ်က ဆန်ကာကူကျွန်းများအနီးတွင် ကင်းလှည့်မှုအကြိမ် ဒါဇင်များစွာ ပြုလုပ်

By Global Security
10 October 2022
တရုတ်ကမ်းခြေစောင့်တပ်က ဆန်ကာကူကျွန်းများအနီးတွင် ကင်းလှည့်မှုအကြိမ် ဒါဇင်များစွာ ပြုလုပ်

အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်တို့ ထိန်းချုပ်ထားသော ဆန်ကာကူ ကျွန်းစုများအနီးတွင် တရုတ်ကမ်းခြေစောင့် ရေယာဉ်စုသည် အောက်တိုဘာ ၈ ရက်က ကင်းလှည့်ခဲ့ပြီး မြောက်ကိုးရီးယားမှ ဒုံးကျည် ပစ်လွှတ်မှုနှင့် ပတ်သက်၍ ဒေသတွင်းတင်းမာမှုများ မြင့်မားနေချိန်တွင် ယခုနှစ်အတွင်း အငြင်းပွားရေပိုင်နက်အတွင်းသို့ ချင်းနင်းဝင်ရောက်မှု နှစ်ဒါဇင်ကျော်အနက် နောက်ဆုံးကင်းလှည့်မှု ဖြစ်သည်။

"တရုတ်ကမ်းခြေစောင့်တပ် 2301 ရေယာဉ်စုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့တွင် ဒိုင်အိုးယု ကျွန်းစု၏ ပိုင်နက်ရေပြင်တွင် ကင်းလှည့်နေခဲ့သည်" ဟု တရုတ်ကမ်းခြေစောင့်တပ်က Weibo အကောင့်တွင် ကျွန်းကို တရုတ်အမည်ဖြင့် ရည်ညွှန်းကာ ကြေညာခဲ့သည်။

အငြင်းပွားကျွန်းများ၏ ကမ်းလွန်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်ရေယာဉ်များက ၈ နာရီထက်မနည်း ခုတ်မောင်းပြီးနောက် ရက်သတ္တ ၁ ပတ်အကြာတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ထိန်းချုပ်ထားသော ကျွန်းများကို တရုတ်က ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပြီး ဒိုင်အိုးယုကျွန်းများဟု ခေါ်ဆိုသည်။

နှစ်နိုင်ငံစလုံးက ၎င်းတို့ ပိုင်နက်ဟု ဆိုထားသော ဧရိယာအတွင်းသို့ တရုတ်သင်္ဘောများသည် ယခုနှစ်အတွင်း ၂၈ ကြိမ် ဝင်ရောက်ခဲ့သည်။

ဂျပန်သည် တရုတ်၏ နောက်ဆုံးကျူးကျော်ဝင်ရောက်မှုကို မတုံ့ပြန်သေးသော်လည်း စက်တင်ဘာ ၂၈ ရက်က ဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်သင်္ဘောများနောက်သို့လိုက်ရန် ရေယာဉ်များစေလွှတ်ခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်သော တရုတ် ကျူးကျော်မှုအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တရုတ်၏လုပ်ရပ်သည် ပြစ်တင်ရှုတ်ချထိုက်ပြီး လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း ဂျန်ပန်ကက်ဘိနက် ဒုတိယ္အကြီးအကဲ ယိုရှီဟီကို အီစိုဇာကီက သတင်းထောက်များကို ပြောခဲ့သည်။

ဂျပန်က အကြိမ်ကြိမ်အခါခါ ကန့်ကွက်သော်လည်း တရုတ်သင်္ဘောများက ကျွန်းများအနီးတွင် ပုံမှန်ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required