အရှေ့တောင်အာရှရှိ အာဏာရှင်အစိုးရများအပေါ် တရုတ်သြဇာလွှမ်းမိုးမှုက ထိုင်ဝမ်ကုမ္ပဏီများအတွက် အတားအဆီးဖြစ်

အရှေ့တောင်အာရှရှိ အာဏာရှင်အစိုးရများအပေါ် တရုတ်သြဇာလွှမ်းမိုးမှုက ထိုင်ဝမ်ကုမ္ပဏီများအတွက် အတားအဆီးဖြစ်

တရုတ်နှင့် ထိုင်ဝမ်အကြား စစ်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်ရှိ ထိုင်ဝမ်ကုမ္ပဏီများသည် အရှေ့တောင် အာရှနိုင်ငံများသို့ ပြောင်းရွှေ့နေကြကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်သည် ကုမ္ပဏီများကို ကမ္ဘာနှင့်အဝှမ်း ယှဉ်ပြိုင်နိုင်စေရန် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ထပ်မံပံ့ပိုးမှုပေးရန် လိုအပ်ကြောင်း အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ပြောသည်။

ကမ္ဘာဒီးယားမှအစပြု၍ မြန်မာနိုင်ငံအထိ ဒီမိုကရေစီဆုတ်ယုတ်နေသော နိုင်ငံများနှင့် နိုင်ငံရေးထောက်ခံမှုရရေး တရုတ်ဘက်သို့ မှီတွယ်သော အာဏာရှင်အစိုးရများရှိသည့် အရှေ့တောင်အာရှတွင် ထိုင်ဝမ်၏ တန်ဖိုးအလေးထား ကြိုးပမ်းမှုအတွက် အကြပ်အတည်း ဖြစ်စေသည်ဟု Nikkei Asia ကဖော်ပြသည်။

CSIS က ထိုင်ဝမ်ကော်ပိုရိတ်အမှုဆောင် ၅၀၀ ကျော်ကို စစ်တမ်းကောက်ရာတွင် တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော ကုမ္ပဏီ၄ ပုံ ၁ ပုံခန့် (၂၅ ဒသမ ၇ ရာခိုင်နှုန်း) သည် တရုတ်နိုင်ငံတွင်းမှ ထုတ်လုပ်မှုတချို့ရွှေ့ပြောင်းနေပြီး တခြားသူများမှာလည်း ထိုသို့လုပ်ဆောင်ရန် စဉ်းစားနေကြောင်း Nikkei Asia က ဖော်ပြသည်။

ပြိးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်း၌ ရွှေ့ပြောင်းသွားသောလုပ်ငန်းများအနက် ၆၃ ဒသမ ၁ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှသို့ထွက်ခွာသွားကြသော်လည်း ထက်ဝက်သာသာခန့်သည် ထိုင်ဝမ်သို့ ပြန်သွားကြသည်။

ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်သည် တရုတ်ဈေးကွက်နှင့် ဝေးရာဖြစ်သော တောင်ပိုင်းရှိ နိုင်ငံများနှင့် မိတ်ဖက်များဆီ သို့ လုပ်ငန်းဖြန့်ကြက်ရန် ရည်မှန်းလျက် ၂၀၁၆ ခုနှစ်မှစ၍ New Southbound Policy (NSP) ခေါ် အာရှဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို စတင်ခဲ့သည်။

စိုင်အင်ဝမ်၏ ပဏာမခြေလှမ်းသည် ထိုင်ဝမ် ပြည်သူအချင်းချင်း၊ ကုန်သွယ်မှုနှင့်အရှေ့တောင်နှင့် တောင်အာရှ နိုင်ငံများအလွန်နှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ဦးစားပေးဆောင်ရွက်သည်။

တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပေါင်းစည်းရေးအတွက် ဆီလျော်သောပြည်တွင်းရေးဗျူဟာနှင့် လမ်းပြမြေပုံမရှိဟု ကျွမ်းကျင်သူများက ယုံကြည်ကြကြောင်းလည်း CSIS စစ်တမ်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required