Apple ကုမ္ပဏီက ထုတ်လုပ်မှုလုပ်ငန်းများကို တရုတ်မှ စွန့်ခွာနေ

Apple ကုမ္ပဏီက ထုတ်လုပ်မှုလုပ်ငန်းများကို တရုတ်မှ စွန့်ခွာနေ

Apple ကုမ္ပဏီက ကုန်ပစ္စည်းထုတ်လုပ်ကဏ္ဍကို တရုတ်မှတဖြည်းဖြည်းခြင်းရွှေ့ပြောင်းနေသည်။

မက္ကဆီကို၊အိန္ဒိယ၊ဗီယက်နမ်နှင့်အမေရိကန်တို့တွင် ထုတ်လုပ်မှုစင်တာများပေါ်ပေါက်လာနေကြောင်းApple မှမကြာသေးမီကထုတ်ပြန်ခဲ့သောပစ္စည်းပေးသွင်းသူများစာရင်းကိုကိုးကားပြီးWall Street Journal ကဖော်ပြခဲ့သည်။

သို့သော် တရုတ်တွင်တည်ဆောက်ထားသည့်Apple ၏လုပ်ငန်းလည်ပတ်မှုအတိုင်းအတာကို မည်သည့်နိုင်ငံကမှ မမှီသေးသော်လည်းခူပါတီနိုမြို့အခြေစိုက်Apple ကုမ္ပဏီကြီးအတွက်ဘေးအန္တရာယ်များရှိနေသည်။

ပထဝီဝင်နိုင်ငံရေးတင်းမာမှုများမြင့်မားလာခြင်းကြောင့်တရုတ်တွင်လုပ်ငန်းလည်ပတ်မှုများအခက်ကြုံခဲ့ရသည်။

မကြာသေးမီကဖြစ်ပွားခဲ့သောကူးစက်ရောဂါကြောင့်ပိတ်ဆို့ကန့်သတ်မှုများနှင့်ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များသည်ထိန်းချုပ်ခြင်းကြောင့်အမေရိကန်ကုမ္ပဏီအတွက်ကွဲပြားသောထုတ်လုပ်ရေးစင်တာများကပို၍အရေးကြီးလာခဲ့သည်။

ဇွန်လတွင်Apple သည်iPadထုတ်လုပ်မှုအချို့ကိုတရုတ်မှဗီယက်နမ်သို့ပြောင်းရွှေ့ခဲ့သည်။

သြဂုတ်လတွင် ဗီယက်နမ်က Apple Watches နှင့် MacBooks များကို မတ်လတွင် ပထမဆုံးအကြိမ် စတင်ထုတ်လုပ်ခဲ့သည်။

စက်တင်ဘာလတွင်ပစ္စည်းပေးသွင်းသူFoxconnသည်အိန္ဒိယတွင်iPhone 14ကိုစတင်ထုတ်လုပ်ခဲ့သည်။

အောက်တိုဘာလတွင်Apple သည်Beats နှင့် AirPods နားကြပ်ထုတ်လုပ်မှုကို အိန္ဒိယသို့ပြောင်းရွှေ့ရန်ပစ္စည်းပေးသွင်းသူအချို့ကို တောင်းဆိုခဲ့ကြောင်းသတင်းများထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly