စစ်ရေးခြိမ်းခြောက်မှုများရှိနေသော်လည်း ထိုင်ဝမ်က ကာကွယ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းအောင် ဆက်လက်ပြုလုပ်နေ

စစ်ရေးခြိမ်းခြောက်မှုများရှိနေသော်လည်း ထိုင်ဝမ်က ကာကွယ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းအောင် ဆက်လက်ပြုလုပ်နေ

ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော်စစ်ရေးခြိမ်းခြောက်မှုနှင့်မီးခိုးရောင်ဇုန်အဆင့်ခြိမ်းခြောက်မှုများဖြင့်ရင်ဆိုင်နေရသော်လည်း ထိုင်ဝမ်က ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်ခိုင်မာအားကောင်းအောင် ပြုလုပ်နေကြောင်း အိန္ဒိယရှိတိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုဌာနကိုယ်စားလှယ်ဘူရှအန်ဂါက အောက်တိုဘာ၆ရက်ကပြောကြားလိုက်သည်။

အိန္ဒိယနှင့်ထိုင်ဝမ်အကြားဆက်ဆံရေးကိုချီးကျူးဂုဏ်ပြုရင်း၊နှစ်နိုင်ငံအကြားဆက်ဆံရေးသည်ဒီမိုကရေစီကြာရှည်စွဲမြဲစွာကျင့်သုံးနိုင်မှုနှင့်အပြန်အလှန်ယုံကြည်မှုအပေါ်အခြေခံ၍ခိုင်မာအားကောင်းလာခဲ့ကြောင်းဂါကပြောကြားခဲ့သည်။

“ဒီမိုကရေစီကြာရှည်စွဲမြဲစွာကျင့်သုံးနိုင်မှုနှင့်အပြန်အလှန်ယုံကြည်မှုအပေါ်အခြေခံ၍ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးခိုင်မာအားကောင်းလာသောကြောင့် ဝမ်းမြောက်မိပါသည်။ မိမိတို့နှစ်နိုင်ငံသည် ၁၉၄၇ခုနှစ်မှ ၁၉၅၀ပြည့်နှစ်အထိတရားဝင်ဆက်ဆံရေးကိုထိန်းသိမ်းထားခဲ့သော်လည်းထိုင်ဝမ်နှင့်အိန္ဒိယတို့သည်၁၉၉၅ခုနှစ်မတိုင်သေးခင်အထိနယူးဒေလီနှင့်တိုင်ပေတို့တွင်ကိုယ်စားလှယ်ရုံးများပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။"

ထုတ်ပြန်ချက်အရအိန္ဒိယနှင့်ထိုင်ဝမ်အကြားနှစ်နိုင်ငံကုန်သွယ်မှုသည်၂၀၂၁ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၇ဒသမ၇ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၂၀၂၀ပြည့်နှစ်ကထက်၆၄ရာခိုင်နှုန်း မြင့်တက်လာကာ အကျိုးရှိသောကုန်သွယ်မှုအစီအစဉ်များကိုလာမည့်နှစ်များတွင်အကောင်အထည်ဖော်ရေးနှင့်နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအပြန်အလှန်သိသိသာသာတိုးလာစေရန်နှစ်နိုင်ငံစလုံးကမျှော်လင့်လျက်ရှိသည်။

"အိန္ဒိယ၏ "အရှေ့မျှော်မူဝါဒ" နှင့်စီးပွားရေးမျက်နှာစာတွင်ထိုင်ဝမ်၏ "တောင်ဘက်ရှေ့ရှုသည့်မူဝါဒအသစ် " ပေါင်းစည်းမှုနှင့်အတူကျွန်ုပ်တို့၏နှစ်နိုင်ငံကုန်သွယ်မှုသည်၂၀၂၁ခုနှစ်တွင်အမေရိကန်ဒေါ်လာ၇ဒသမ၇ဘီလီယံအထိရောက်ရှိခဲ့ပြီး၂၀၂၀ပြည့်နှစ်ကထက်၆၄ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။လက်ရှိတွင်ထိုင်ဝမ်စီးပွားရေးလုပ်ငန်းပေါင်း၁၂၀ခန့်ကအိန္ဒိယတွင်လုပ်ငန်းများလုပ်ကိုင်နေပြီးစုစုပေါင်းရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ၁ဒသမ၂ဘီလီယံကျော်ရှိသည်”ဟုတိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုဌာနကိုယ်စားလှယ်ကပြောကြားခဲ့သည်။

တိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုစင်တာသည်အိန္ဒိယတက္ကသိုလ်များတွင်ထိုင်ဝမ်ပညာရေးစင်တာ၂၅ခုကိုတည်ထောင်ထားပြီး၊အိန္ဒိယကျောင်းသား၁၀,ဝဝဝကျော်သည်ထိုင်ဝမ်ပညာရေးစင်တာများတွင်မန်ဒရင်းဘာသာစကားသင်တန်းများတက်ရောက်နေကြောင်းဂါကပြောကြားခဲ့သည်။

“လက်ရှိထိုင်ဝမ်မှာပညာသင်ကြားနေတဲ့အိန္ဒိယကျောင်းသား၃၀ဝဝခန့်နဲ့ဒီသင်တန်းသားတွေကကျွန်တော်တို့လူမျိုး၊ယဉ်ကျေးမှုနဲ့စီးပွားရေးလုပ်ငန်းတွေအကြားကြားခံအဖြစ်ဆောင်ရွက်ပေးသွားမှာပါ”ဟု၎င်းကဆိုသည်။

ထိုင်ဝမ်၏ကြံ့ခိုင်ပြီးဆန်းသစ်တီထွင်သည့်စိတ်ဓာတ်သည်နှစ်ပေါင်းများစွာပြောင်းလဲလာနေသောခြိမ်းခြောက်မှုများနှင့်ပြင်ပစိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင်အမြဲကြံ့ကြံ့ခံခဲ့ကြောင်း၎င်းကထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required